ဝက်စ််ဟမ်းအသင်းသည် မန်ယူကစားသမားနှစ်ဦးဖြစ်သော မက်ဂွိုင်းယားနှင့် စကော့မက်တော်မီနေးတို့နှစ်ဦးကို တစ်ဦးလျှင်ပြောင်းရွှေ့ကြေးပေါင်သန်း ၃၀ စီဖြင့် ခေါ်ယူရန်ကမ်းလှမ်းလိုက်သည်။ ဝက်စ်ဟမ်းသည် ပြီးခဲ့သည့်လက မက်ဂွိုင်းယားအတွက် ပေါင်သန်း ၂၀ ဖြင့်ကမ်းလှမ်းခဲ့သော်လည်း မန်ယူက ပယ်ချခဲ့သည်။ သို့ရာတွင် ယခုတစ်ကြိမ်ကမ်းလှမ်းမှုသည် မန်ယူက သတ်မှတ်ထားသော မက်ဂွိုင်းယား၏ ပြောင်းရွှေ့ကြေးပေါင်သန်း ၃၀ ဖြင့်နီးစပ်သောကြောင့် အပြောင်းအရွှေ့အကောင်အထည်ပေါ်လာနိုင်ကြောင်း မီဒီယာများက သုံးသပ်ဖော်ပြသည်။

ဝက်စ်ဟမ်းသည် ကွင်းလယ်လူ တော်မီနေးအတွက်ပေါင်သန်း ၃၀ ဖြင့်ကမ်းလှမ်းထားသော်လည်း အဆိုပါကမ်းလှမ်းမှုသည် မန်ယူသတ်မှတ်ထားသော တော်မီနေး၏တန်ကြေးပေါင် ၄၅ သန်းထက် လျော့နည်းနေသည်။ ထို့ကြောင့် အသက် ၂၆ နှစ်အရွယ်ရှိ ကွင်းလယ်လူအတွက်ကမ်းလှမ်းမှုကို မန်ယူက ပယ်ချလိုက်ကြောင်း သတင်းများက ဖော်ပြသည်။
ဝက်စ်ဟမ်းအနေဖြင့် ၎င်းကစားသမားနှစ်ဦးကို ခေါ်ယူလိုပါက နှစ်ဦးပေါင်း ပြောင်းရွှေ့ကြေးကို ပေါင်သန်း ၇၀ နှင့်အထက် အသုံးပြုရန် လိုအပ်မည်ဖြစ်ကြောင်း မန်ယူသည် ထိုကစားသမားနှစ်ဦးကို မဖြစ်မနေရောင်းချရန် ဖိအားမရှိကြောင်းလည်း ဗြိတိန်မီဒီယာများက ဖော်ပြကြသည်။






