မိုချန်ဂလာဘတ် – ဘိုင်ယန်မြူးနစ် (မြန်မာစံတော်ချိန် ဖေဖော်ဝါရီ ၁၈ ရက် ည ၉:၀၀ နာရီ)
မိုချန်ဂလာဘတ်အသင်းရဲ့အင်အားက အရင်ကထက် အလုံးအထည် ပိုပြီးလျော့လာတယ်။ ဒါပေမဲ့ ဒီဘက်နှစ်တွေမှာ ဘိုင်ယန်ကို ဒုက္ခအပေးနိုင်ဆုံးက မိုချန်အသင်း ဖြစ်နေတာကတော့ အံ့အားသင့်စရာကောင်းပါတယ်။ ရာသီကြိုခြေစမ်းပွဲ တစ်ပွဲအပါအဝင် နောက်ဆုံး(၅)ပွဲဆက် တွေ့ဆုံမှုမှာ ဘိုင်ယန်တို့ နိုင်ပွဲလုံးဝမရှိတဲ့အပြင် (၂)ပွဲသာ သရေကျပြီး (၃)ပွဲအထိ အရေးနိမ့်ခဲ့တယ်။ လက်ရှိအခြေအနေမှာ မိုချန်က အခြေအနေပိုဆိုးနေပေမဲ့ အိမ်ကွင်းတုံ့ပြန်အားကိုတော့ အနည်းငယ်စောင့် ကြည့်ရမယ်ထင်တယ်။ ဘိုင်ယန် နိုင်ဖို့ရှိပေမဲ့ ဂိုးတော့ မပြတ်လောက်ဘူးထင်တယ်။
ဝုလ်ဖ်ဘတ် – လိုက်ပ်ဇစ် (မြန်မာစံတော်ချိန် ဖေဖော်ဝါရီ ၁၈ ရက် ည ၉:၀၀ နာရီ)
လိုက်ပ်ဇစ်အသင်းက ချန်ပီယံလိဂ်ဝင်လာတော့မယ့်အချိန်မှာ တိုက်တိုက်ဆိုင်ဆိုင် ရလဒ်ပိုင်း ကျဆင်းသွားတယ်။ ဒီပွဲပြီးရင် မန်စီးတီးနဲ့ကစားမယ့်ပွဲအတွက် အာရုံများနေနိုင်တာကိုလည်း ထည့်တွက်ရမယ်ထင်တယ်။ ဝုလ်ဖ်ဘတ်ကလည်း ပြိုင်ပွဲစုံ(၄)ပွဲဆက်တိုက် နိုင်ပွဲပျောက်ထားတဲ့အသင်းပါ။ ဒါပေမဲ့ အိမ်ကွင်းမှာ ဝုလ်ဖ်ဘတ် သိပ်ပုံမပျက်သွားသေးဘူး။ အိမ်ရှင် အမှတ်ရလိမ့်မယ်။
ဘိုဟုမ် – ဖရိုင်းဘတ် (မြန်မာစံတော်ချိန် ဖေဖော်ဝါရီ ၁၈ ရက် ည ၉:၀၀ နာရီ)
ဘိုဟုမ်အသင်း တန်းဆင်းဇုန်နားကပ်နေပေမဲ့ အိမ်ကွင်း နောက်ဆုံး(၅)ပွဲဆက်တိုက် အနိုင်ကစားထားတဲ့အသင်းပါ။ ဘိုဟုမ်ကိုပဲ ရွေးချယ်တာပိုကောင်းမယ်။
စတုဂတ် – ကိုလုံး (မြန်မာစံတော်ချိန် ဖေဖော်ဝါရီ ၁၈ ရက် ည ၉:၀၀ နာရီ)
စတုဂတ်အသင်းက နောက်ဆုံးကစားထားတဲ့ အမှတ်ပေး ပွဲ(၆)ပွဲဆက် နိုင်ပွဲပျောက်ထားတယ်။ ကိုလုံး အမှတ်ရအောင် ကစားနိုင်မယ်ထင်တယ်။
ဖရန့်ဖတ် – ၀ါဒါဘရီမင် (မြန်မာစံတော်ချိန် ဖေဖော်ဝါရီ ၁၈ ရက် ည ၁၂:၀၀ နာရီ)
ဖရန့်ဖတ်အသင်း လာမယ့်ကြားရက်မှာ နာပိုလီနဲ့ ချန်ပီယံလိဂ်ပွဲ ကစားရမှာဖြစ်လို့ အာရုံများနေနိုင်တယ်။ ဖရန့်ဖတ် အနိုင်ရနိုင်ပေမဲ့ ဂိုးမပြတ်နိုင်လို့ ၀ါဒါဘရီမင်ကို ပိုကြိုက်တယ်။






