Thursday, January 22, 2026
spot_img
spot_img

ဘွန်ဒစ်လီဂါပြိုင်ပွဲ၌ ပွဲဦးထွက်ရာသီတွင် ဂိုးအများဆုံးသွင်းယူနိုင်သူအဖြစ် ဟာရီကိန်း စံချိန်တင်ခဲ့ပြီး ကစားသမားဘ၀ လိဂ်ဂိုးအများဆုံးစံချိန်လည်းဖြစ်ခဲ့

ဘိုင်ယန်မြူးနစ်အသင်း၏ တိုက်စစ်မှူး ဟာရီကိန်းသည် ဘွန်ဒစ်လီဂါ ပြိုင်ပွဲ၌ ပွဲဦးထွက်ရာသီတွင် ဂိုးအများဆုံးသွင်းယူနိုင်သည့် ကစားသမားအဖြစ် စံချိန်တင်ခဲ့ကြောင်း သိရသည်။

ဟာရီကိန်းသည် ယခုတစ်ပတ်ယှဉ်ပြိုင်ကစားခဲ့သော ဒမ်းစတက်ဒ်နှင့်ပွဲတွင် တစ်ဂိုးသွင်းယူနိုင်ခဲ့သည့်အတွက် ယခုရာသီ ဘွန်ဒစ်လီဂါသွင်းဂိုး (၃၁)ဂိုးရှိသွားခဲ့ပြီး ဟမ်းဘတ်တိုက်စစ်မှူးဟောင်း အူဝီဆီလာကို ကျော်ဖြတ်ကာ စံချိန်သစ်တင်နိုင်ခဲ့ခြင်းဖြစ်သည်။

အူဝီဆီလာသည် ဘွန်ဒစ်လီဂါ ပွဲဦးထွက်အဖြစ် ယှဉ်ပြိုင်ကစားခဲ့သော ၁၉၆၃-၆၄ ရာသီတွင် ဂိုး(၃၀) သွင်းယူနိုင်ခဲ့ခြင်းဖြစ်သည်။ ဟာရီကိန်းသည် ဘွန်ဒစ်လီဂါဂိုးသွင်းစံချိန်သစ်ကို ရာသီမကုန်ဆုံးမီ (၆)ပွဲအလို၌ ပိုင်ဆိုင်ခဲ့သည့်အပြင် အဆိုပါဂိုးအရေအတွက်မှာ ၎င်း၏ ကစားသမားဘဝတစ်လျှောက် တစ်ရာသီအတွင်း အများဆုံးသွင်းယူနိုင်သည့် လိဂ်ဂိုးအရေအတွက်ဖြစ်ကြောင်းလည်း သိရသည်။

ဟာရီကိန်းသည် စပါးအသင်းနှင့်အတူ ပရီးမီးယားလိဂ်ပြိုင်ပွဲ၌ တစ်ရာသီလျှင် အများဆုံးဂိုး(၃၀)အထိသာ သွင်းယူနိုင်ခဲ့ပြီး ၂၀၁၇-၁၈ ရာသီနှင့် ၂၀၂၂-၂၃ ရာသီတို့တွင်ဖြစ်သည်။ ယခုအခါ ဘိုင်ယန်မြူးနစ်အသင်း၌ ပထမဆုံးရာသီမှာပင် ဘွန်ဒစ်လီဂါသွင်းဂိုး (၃၁)ဂိုး သွင်းယူနိုင်ခဲ့ခြင်းဖြစ်သည်။

ထို့ကြောင့် ဘွန်ဒစ်လီဂါပြိုင်ပွဲ၌ တစ်ရာသီအတွင်း ဂိုးအများဆုံးသွင်းယူနိုင်သူစာရင်းတွင် အဆင့်(၈)နေရာ ရပ်တည်နိုင်ခဲ့ကြောင်း သိရသည်။

ဟာရီကိန်းသည် ဒမ်းစတက်ဒ်နှင့်ပွဲတွင် ခြေချင်းဝတ်ဒဏ်ရာရရှိခဲ့သည့်အတွက် (၈၂)မိနစ်တွင် လူစားလဲခံခဲ့ရသော်လည်း အင်္ဂလန်လက်ရွေးစင်းအသင်းနှင့် ပူးပေါင်းသွားမည် ဖြစ်ကြောင်း သိရသည်။

အင်္ဂလန်အသင်းသည် ယခုလ နိုင်ငံတကာရက် သတ္တပတ်တွင် ဘရာဇီးလ်၊ ဘယ်လ်ဂျီယံတို့နှင့် ခြေစမ်းပွဲများ ယှဉ်ပြိုင်ကစားသွားမည်ဖြစ်ပြီး ဟာရီကိန်း ပါဝင်ကစားနိုင်ရန်မူ မသေချာသေးပေ။

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments