Monday, February 9, 2026
spot_img
spot_img

ဘွန်ဒစ်လီဂါပြိုင်ပွဲတွင် ဘိုင်ယန်မြူးနစ်အသင်းအတွက် သွင်းဂိုး(၉)ဂိုး အမြန်ဆုံးသွင်းယူနိုင်သူအဖြစ် ဟာရီကိန်းမှတ်တမ်းဝင်

ဘိုင်ယန်မြူးနစ်အသင်း၏ အင်္ဂလန်တိုက်စစ်မှူး ဟာရီကိန်းသည် ဘွန်ဒစ်လီဂါပြိုင်ပွဲတွင် အသင်းအတွက် သွင်းဂိုး(၉)ဂိုး အမြန်ဆုံးသွင်းယူနိုင်သူအဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်း သိရသည်။

ဟာရီကိန်းသည် ယခုတစ်ပတ် ယှဉ်ပြိုင်ကစားခဲ့သည့် ဘွန်ဒစ်လီဂါပွဲစဉ်တွင် မိန့်ဇ်အသင်းအား တစ်ဂိုးသွင်းယူနိုင်ခဲ့သည့်အတွက် ဘွန်ဒစ်လီဂါ (၈)ပွဲကစားအပြီးတွင် (၉)ဂိုးသွင်းယူနိုင်ခဲ့သည်။

ထို့ကြောင့် ဘိုင်ယန်မြူးနစ်အသင်း၏သမိုင်း၌ ဘွန်ဒစ်လီဂါသွင်း ဂိုး(၉)ဂိုးကို အမြန်ဆုံးသွင်းယူနိုင်သူအဖြစ် မှတ်တမ်းဝင်သွားခဲ့ခြင်းဖြစ်သည်။

ထို့ပြင် ဘွန်ဒစ်လီဂါပြိုင်ပွဲသမိုင်းတွင်လည်း သွင်းဂိုး(၉)ဂိုးကို ၎င်းထက် ပွဲအရေအတွက် နည်းပါးစွာဖြင့် သွင်းယူနိုင်သည့်ကစားသမား (၃)ဦးသာရှိကြောင်း သိရသည်။

အဆိုပါကစားသမားများမှာ ဟော်လန်း(၆ ပွဲ)၊ အယ်လ်ကာဆာနှင့် ဒေါ်ဖယ်လ်(၇ ပွဲစီ)တို့ဖြစ်ကြောင်း သိရသည်။

ဘိုင်ယန်မြူးနစ်နည်းပြ သောမတ်စ်တူဟယ်လ်ကလည်း ဘွန်ဒစ်လီဂါပြိုင်ပွဲ၏ တို်က်စစ်မှတ်တမ်းကောင်းတစ်ခုကို ပိုင်ဆိုင်ခဲ့ကြောင်း သိရသည်။

တူဟယ်လ်သည် ဘိုင်ယန်မြူးနစ်အသင်းကို ဘွန်ဒစ်လီဂါပြိုင်ပွဲ၌ (၁၇)ပွဲစလုံး ဂိုးသွင်းယူနိုင်အောင် စွမ်းဆောင်ပေးခဲ့ခြင်းဖြစ်သည်။

၎င်းသည် ဘိုင်ယန်မြူးနစ်အသင်းကို ၂၀၂၃ မတ်လတွင် စတင်ကိုင်တွယ်ခဲ့ပြီး ပြိုင်ပွဲစုံ(၂၄)ပွဲ ယှဉ်ပြိုင်ခဲ့ရာ၌ မန်စီးတီးကို ရှုံးနိမ့်ခဲ့သည့် ချန်ပီယံလိဂ်ပွဲနှင့် လိုက်ပ်ဇစ်ကို ရှုံးနိမ့်ခဲ့သည့် ဂျာမန်စူပါဖလားပွဲတွင်သာ ဂိုးမသွင်းနိုင််ခဲ့ခြင်း ဖြစ်သည်။

ဘိုင်ယန်မြူးနစ်အသင်းသည် နာဂယ်စ်မန်းလက်ထက်တွင် ဘွန်ဒစ်လီဂါ၌ ပထမဆုံးပွဲ(၄၀)ဆက်တိုက် ဂိုးသွင်းနိုင်ခဲ့ပြီး ဂွါဒီယိုလာလက်ထက်တွင် ပထမဆုံး(၂၈)ပွဲဆက် ဂိုးသွင်းနိုင်ခဲ့ကြောင်း သိရသည်။

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments