၂၀၂၂ နိုဝင်ဘာတွင် ကစားသမားဘဝမှ အနားယူခဲ့သည့် ဘာစီလိုနာနောက်ခံလူဟောင်း ပီကေးက မိမိအနေဖြင့် ဘောလုံးသမားဘဝကို မလွမ်းကြောင်း ပြောကြားခဲ့သည်။
ပီကေးသည် ဘာစီလိုနာအသင်း၏ဘဏ္ဍာရေးပြဿနာများကြောင့် ၂၀၂၂ နိုဝင်ဘာလတွင် ကစားသမားဘဝမှ ရုတ်တရက် အနားယူခဲ့ခြင်းဖြစ်သည်။

၎င်းသည် ကစားသမားဘဝတွင် မန်ယူနှင့် ဘာစီလိုနာအသင်းတို့တွင် ကစားခဲ့ပြီး ကလပ်အဆင့်တွင် ဆုဖလားများစွာ ရယူနိုင်ခဲ့သလို၊ စပိန်လက်ရွေးစင်အသင်းအတွက်လည်း (၁၀၂)ပွဲ ကစားကာ ကမ္ဘာ့ဖလားနှင့် ယူရိုချန်ပီယံဆုများကို ရယူနိုင်ခဲ့သူဖြစ်သည်။

သို့သော် ပီကေးက ”ကျွန်တော်ကတော့ ဘောလုံးသမားဘဝကို နည်းနည်းမှ မလွမ်းမိပါဘူး။ ကျွန်တော့်အနေနဲ့ အရင်ကထက် အချိန်ပိုရလာပြီး အရာအားလုံး အဆင်ပြေနေပါတယ်။ ဘာစီလိုနာအသင်းရဲ့ ပွဲစဉ်တွေကို ကြည့်ချင်ရင်လည်း ကျွန်တော် ကြည့်နိုင်ပါတယ်။ ဒါပေမဲ့ ဘောလုံးသမားဘဝကို ပြန်လွမ်းတာမျိုးတော့ မရှိပါဘူး”ဟု ပြောကြားခဲ့သည်။






