Monday, February 9, 2026
spot_img
spot_img

ဘုန်းမောက်ကို ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်အပြီး လီဗာပူးစတား တစ်ဦးကို အပြင်းအထန် ဝေဖန်ခဲ့ကြတဲ့ ပီတာခရောက်ခ်ျ နဲ့ ဂျိုကိုး

လီဗာပူးဟာ ပြီးခဲ့တဲ့အပတ်က ခါးသီးပြိုင်ဘက် မန်ယူနိုက်တက်ကို အန်ဖီးမှာ ၇-၀ နဲ့ အနိုင်ရရှိခဲ့တာကြောင့် လမ်းကြောင်းမှန်ပေါ်ကို ပြန်ရောက်သွားပြီလို့ လူတော်တော်များများ ထင်မှတ်ထားခဲ့ကြပေမယ့်လည်း မနေ့ညကတော့ တန်းဆင်းဇုန်က ဘုန်းမောက်ကို ၁-၀ နဲ့ အံ့အားသင့်ဖွယ် ရှုံးနိမ့်ခဲ့ကာ စိတ်ပျက်စရာညနဲ့ ကြုံတွေ့ခဲ့ရပါတယ်။

အထူးသဖြင့် ဗာဂျယ်ဗန်ဒိ်ုက်ဟာ ဘုန်းမောက်နဲ့ ပွဲစဉ်ရဲ့ ပထမပိုင်းမှာ အတော်လေး ရုန်းကန် ခဲ့ရတာကို တွေ့မြင်ခဲ့ရပြီး ပွဲချိန် ၂၈ မိနစ်က ဘီလင်းရဲ့ ဂိုးမှာလည်း ၎င်းရဲ့ အမှား မကင်းခဲ့ပါဘူး။ ဘုန်းမောက် တောင်ပံ ကစားသမား အိုတာရာဟာ ညာတောင်ပံကနေ ဗန်ဒိုက်ကို လွယ်လွယ်ကူကူ ကျော်ဖြတ်ကာ ဖြတ်တင်ဘောကို ပေးပို့ခဲ့တာ ဖြစ်ပြီး ဘီလင်းက ပိတ်သွင်းယူခဲ့တာ ဖြစ်ပါတယ်။

လီဗာပူးကစားသမားဟောင်းတွေ ဖြစ်ကြတဲ့ ပီတာခရောက်ခ်ျ နဲ့ စတီဗီမက်မာနာမန် တို့ဟာ အဆိုပါ ပွဲစဉ်မှာ လီဗာပူးရဲ့ ခံစစ်ကို အတော်လေး သဘောမကျ ဖြစ်နေပြီး အထူးသဖြင့် ဗန်ဒိုက်ရဲ့ အားထုတ်မှုကို ဖြစ်ကာ လီဗာပူး ကစားသမားဟောင်းတွေက ဗန်ဒိုက်ဟာ ဘုန်းမောက်ကို တအား လွယ်ကူစေခဲ့တယ်လို့ ဝေဖန်ခဲ့ပါတယ်။

ခရော်ခ်ျက “ဒီဂိုးဟာ တကယ် စိတ်ပျက်စရာပါ။ ဗန်ဒိုက် ကြည့်ရတာ လုံး၀ လက်လျော့လိုက်တဲ့ ပုံစံပါပဲ။ အလက်ဇန်းဒါးအာနိုး ကလည်း အခြေအနေ ဘယ်လို ဖြစ်နေသလဲဆိုတာ မသိဘဲ ဖြစ်ပါတယ်။ ဒီဂိုးဟာ ဘုန်းမောက် အတွက် တအား တအားကို လွယ်ကူလွန်းခဲ့ပါတယ်။”

မက်မာနာမန်က “လီဗာပူး ကစားသမားတွေရဲ့ မကောင်းတဲ့ အကျင့်တွေ ပြန်ပေါ်လာခဲ့တာပါ။ သူတို့ ကြည့်ရတာ တကယ့်ကို ပျင်းရိပျင်းတွဲကြီးပါ။ သူတို့ဟာ high line ကို ဆက်တိုက်ကစားကာ လူကျွံဘောဖမ်းကာ စွန့်စားမှု လုပ်ခဲ့ပေမယ့် မအောင်မြင်ခဲ့ပါဘူး။ သူတို့ရဲ့ ကစားပုံကလည်း အတော်လေး ဆိုးရွားပါတယ်။ တကယ့်ကို ညံ့တာပါ။ သူတို့ကို စိတ်ဓာတ် မြှင့်တင်းပေးဖို့ လိုနေပါတယ်။” လို့ ဝေဖန်ခဲ့ပါတယ်။

ဟန်ဒါဆန်ဟာ အဖျားဝေဒနာနဲ့ ရုန်းကန်ထားခဲ့ရတာကြောင့် ပွဲထွက်စာရင်းမှာ မပါ၀င်ခဲ့ဘဲ ဗန်ဒိုက်ဟာ ဘုန်းမောက်နဲ့ပွဲကို အသင်းခေါင်းဆောင် အဖြစ် တာ၀န်ယူကစားခဲ့ပါတယ်။ ဒါပေမယ့်လည်း နယ်သာလန် နောက်ခံလူဟာ ၎င်းရဲ့ စိတ်ပျက်စရာ စွမ်းဆောင်ရည်ကိုသာ ထုတ်ပြသွားခဲ့ပြီး ဂျိုကိုးက အိုတာရာက ကျော်ဖြတ်သွားချိန်မှာ ဗန်ဒိ်ုက်ရဲ့ တုန့်ပြန်ပုံကို အတော်လေး သဘောမကျ ဖြစ်နေပါတယ်။

ဂျိုကိုးက “ပြိုင်ဘက် ကစားသမား တစ်ဦးဟာ ဒီလိုမျိုး အခြေအနေမှာ ဗန်ဒိုက်ကို လွယ်လွယ်ကူကူ နဲ့ ကျော်ဖြတ်သွားတာမျိုး ကျနော်တို့ ဘယ်တုန်းက မြင်ခဲ့ဖူးလို့လဲ? အော်တာရာ ကျော်ဖြတ်သွားချိန်မှာ သူ့ရဲ့ တုန့်ပြန်မှုကို ကြည့်လိုက်ပါ။ ကိုယ့်ရဲ့အသင်းခေါင်းဆောင် ဆီက ဒါမျိုးကိုတော့ မလိုချင်ပါဘူး။” လို့ ဝေဖန်သွားပါတယ်။

လီဗာပူးတို့ ဒုတိယပိုင်းမှာ ပင်နယ်တီ ရခဲ့ပေမယ့်လည်း ဆာလားရဲ့ ကန်ချက် ဘေးထွက်သွားခဲ့ပြီး ဘုန်းမောက်ဟာ ဒီရလဒ်ကြောင့် တန်းဆင်းဇုန်ကနေ ရုန်းထွက်နိုင်ခဲ့ပါတယ်။

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments