Thursday, January 15, 2026
spot_img
spot_img

ဘီလ်ဘာအိုအသင်းမှ လူငယ်တောင်ပံတိုက်စစ်ကစားသမား နီကိုဝီလီယံစ်အား စာချုပ်လျော်ကြေးပေးပြီး ခေါ်ယူရန် အာဆင်နယ် အသင့်ရှိနေ

အာဆင်နယ်အသင်းသည် စပိန်ကလပ် ဘီလ်ဘာအိုအသင်းမှ စပိန်လူငယ်တောင်ပံ တိုက်စစ်ကစားသမား နီကိုဝီလီယံစ်အား စာချုပ်လျော်ကြေးပေးပြီး ခေါ်ယူရန် အသင့်ရှိနေကြောင်း သိရသည်။

အာဆင်နယ်အသင်းသည် ယူရို ၂၀၂၄ ပြိုင်ပွဲတွင် ခြေစွမ်းပြခဲ့သည့် နီကိုဝီလီယံစ် အား ခေါ်ယူရန် ပြီးခဲ့သည့်နွေရာသီကတည်းက ပစ်မှတ်ထားခဲ့ပြီး ယခုဇန်နဝါရီအပြောင်းအရွှေ့စျေးကွက်တွင် အရခေါ်ယူရန် စီစဉ်လာခြင်းဖြစ်ကြောင်း သိရှိရသည်။

လက်ရှိ အာဆင်နယ်အသင်းတွင် အသင်း၏အဓိက တိုက်စစ်ကစားသမားဖြစ်သူ ဆာကာမှာ ခြေချင်းဝတ်ဒဏ်ရာကြောင့် နှစ်လကျော် အနားယူရမည်ဖြစ်ရာ အသင်းနည်းပြ အာတီတာအနေဖြင့် တိုက်စစ်ပိုင်းကို အရည်အသွေး မြင့်ကစားသမားဖြင့် အင်အားဖြည့်တင်းရန် အလိုရှိနေကြောင်း သိရသည်။

Goal.com ၏ဖော်ပြမှုအရ အာဆင်နယ်အသင်းသည် လက်ရှိတွင် နီကိုဝီလီယံစ်၏အေးဂျင့်ဖြစ်သူနှင့် အပြောင်းအရွှေ့အတွက် ဆွေးနွေးနေ ပြီး စာချုပ်လျော်ကြေးကို ပေးချေရန်အသင့် ရှိနေကြောင်း သိရသည်။ အသက် ၂၂ နှစ်အရွယ်ရှိ စပိန်တောင်ပံတိုက်စစ်ကစားသမား နီကိုဝီလီယံစ်သည် ဘီလ်ဘာအိုအသင်းနှင့် ၂၀၂၇ ခုနှစ်အထိ စာချုပ်သက်တမ်းရှိနေပြီး ၎င်း၏စာချုပ်လျော်ကြေးမှာ ပေါင် ၄၈ သန်း (ယူရို ၅၈ သန်း)ဖြစ်ကြောင်း သိရသည်။

အာဆင်နယ် အသင်းသည် အဆိုပါစာချုပ်လျော်ကြေးကို ပေးချေရန် အသင့်ရှိနေပြီး လက်ရှိတွင် နီကိုဝီလီယံစ်အား ချဉ်းကပ်ကာ အသင်းသို့ ပြောင်းရွှေ့လာရန် ဆွဲဆောင်နေကြောင်း သိရှိရသည်။ နီကိုဝီလီယံစ်သည် ယခုရာသီတွင် ဘီလ်ဘာအိုအသင်း၌ အဓိကကစားသမားအဖြစ် ခြေစွမ်းပြနေပြီး ပြိုင်ပွဲစုံ ၂၃ ပွဲကစားရာတွင် နှစ်ဂိုးသွင်းကာ ဂိုးဖန်တီးမှု ငါးကြိမ် ပြုလုပ်ထားသည်။

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments