Wednesday, February 11, 2026
spot_img
spot_img

ဘိုဟုမ်နှင့်ပွဲတွင် ဟက်ထရစ်သွင်းယူခဲ့သည့် ဘိုင်ယန်မြူးနစ်တိုက်စစ်မှူး ဟာရီကိန်း စံချိန်မှတ်တမ်းကောင်းအချို့ကို ပိုင်ဆိုင်

ဘိုဟုမ်နှင့်ပွဲတွင် ဟက်ထရစ်သွင်းယူခဲ့သည့် ဘိုင်ယန်မြူးနစ်တိုက်စစ်မှူး ဟာရီကိန်းသည် စံချိန်မှတ်တမ်းကောင်းအချို့ကို ပိုင်ဆိုင်နိုင်ခဲ့ကြောင်း သိရသည်။

ဟာရီကိန်းသည် ယင်းပွဲတွင် ဟက်ထရစ်သွင်းယူနိုင်သည့်အပြင် ဂိုးဖန်တီးမှု နှစ်ကြိမ်လည်း ပြုလုပ်နိုင်ခဲ့သည်။ ဟာရီကိန်းသည် ဘွန်ဒစ်လီဂါပြိုင်ပွဲ၌ (၅)ပွဲကစားပြီးနောက် (၇)ဂိုးသွင်းယူကာ ဂိုးဖန်တီးမှု (၃)ကြိမ် ပြုလုပ်ထားပြီး ပထမဆုံးကစားရသည့် ပွဲစဉ်(၅)ပွဲတွင် ဂိုးပါဝင်ပတ်သက်မှု (၁၀)ဂိုးရှိသည့် ပထမဆုံးကစားသမားအဖြစ် ဒေါ့မွန်တိုက်စစ်မှူးဟောင်း ဟော်လန်း(၈ ဂိုး)ကျော်ဖြတ်ကာ မှတ်တမ်းသစ် ရေးထိုးခဲ့ခြင်းဖြစ်သည်။

ထို့ ပြင် ဟာရီကိန်းအနေဖြင့် ဘွန်ဒစ်လီဂါ ပထမဆုံး(၅)ပွဲတွင် ဂိုးအများဆုံးသွင်းယူနိုင်သည့် ကစားသမားများလည်း ဖြစ်လာပြီး ယခင်ပူးတွဲရပ်တည်ခဲ့ကြသည့် ဂတ်မူလာ(၁၉၆၅)၊ ကလိုဆေး (၂၀၀၇)၊ မန်ဇူကစ်(၂၀၁၂)တို့ကိုလည်း ကျော်ဖြတ်နိုင်ခဲ့သည်။

ဘွန်ဒစ်လီဂါပြိုင်ပွဲတွင် ပထမဆုံးဟက်ထရစ်ရခဲ့သူ ဟာရီကိန်းသည် ကီဗင်ကီးဂန်း (၁၉၇၈ ဒီဇင်ဘာ)၊ တိုနီဝုဒ်ကော့ (၁၉၈၀ မေ၊ ၁၉၈၂ ဧပြီ)နှင့် ဂျေဒန် ဆန်ချို(၂၀၂၀ မေ)တို့ပြီးလျှင် ဘွန်ဒစ်လီဂါပြိုင်ပွဲ၌ ဟက်ထရစ်သွင်းယူနိုင်သည့် စတုတ္ထမြောက် အင်္ဂလိပ်ကစားသမားအဖြစ်လည်း မှတ်တမ်းဝင် ခဲ့သည်။

ဟာရီကိန်းသည် ချန်ပီယံလိဂ်ပြိုင်ပွဲ၌လည်း တစ်ဂိုးသွင်းယူပြီး ဂိုးဖန်တီးမှုတစ်ကြိမ် ပြုလုပ်ထားကြောင်း သိရသည်။ “ဒီနေ့ ကောင်းကောင်းကစားနိုင်ခဲ့ပြီး စိတ်ပိုင်းဆိုင်ရာအခြေအနေလည်း ကောင်းပါတယ်။ ကျွန်တော်တို့က ဘောလုံးနဲ့အတူ အရှိန်အရမ်းမြန်ပြီး အဲဒါကို လွယ်ကူအောင် လုပ်နိုင်ခဲ့တယ်။ အားလုံးက ဒီနေ့မှာ ထိပ်တန်းပုံစံ ရှိနေကြတယ်။ အဲဒီခံစားချက်က အရမ်းကောင်းပါတယ်” ဟု ဟာရီကိန်းက ပြောကြားခဲ့သည်။

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments