Tuesday, January 20, 2026
spot_img
spot_img

ဘိုနီဖေ့စ် ဒါမှမဟုတ် ဂျွန်ဒူရန် တစ်ဦးဦးကို အရ ခေါ်ယူသွားမယ့် အယ်လ်နာဆာ

ဆော်ဒီထိပ်သီးကလပ် အယ်လ်နာဆာအသင်းဟာ သူတို့အသင်းရဲ့ အဓိက တိုက်စစ်ကစားသမားဖြစ်သူ တာလီစကာကို ဖီနာဘာချီအသင်းဆီ လက်လွတ်လိုက်ရပြီဖြစ်လို့ တာလီစကာနေရာအတွက် လေဗာကူဆင် တိုက်စစ်မှူး ဘိုနီဖေ့စ်ကို စတင် ကြိုးပမ်းလာသလို ဗီလာ တိုက်စစ်မှူး ဒူရန်ကိုလည်း ချိန်ရွယ်နေပါတယ်။

ဘရာဇီးလ် ကွင်းလယ်တိုက်စစ်ကစားသမား တာလီစကာဟာ အယ်လ်နာဆာအသင်းဆီကို ရော်နယ်လ်ဒို မာနေး ဘရိုဇိုဗစ်တို့လို ကစားသမားတွေ ရောက်မလာခင် ၂၀၂၁ခုနှစ်ကတည်းက တရုတ်စူပါလိဂ်ကနေ ပြောင်းရွှေ့ ရောက်ရှိနေခဲ့တာဖြစ်ပြီး အခုတော့ တူရကီကလပ် ဖီနာဘာချီဆီကို ပြောင်းရွှေ့သွားပြီ ဖြစ်ပါတယ်။

တာလီစကာဟာ အယ်လ်နာဆာအတွက် အားထားရတဲ့ ကစားသမားတစ်ဦး ဖြစ်သလို အသင်းမှာ (၃)ရာသီခွဲအထိ ကစားပေးခဲ့ရင်း (၇၇)ဂိုးအထိတောင် သွင်းယူပေးနိုင်ခဲ့ပါတယ်။ ဒီလို ကစားသမားတစ်ဦးကို လက်လွတ်လိုက်ရတဲ့ အယ်လ်နာဆာဟာ တိုက်စစ်ကစားသမားတစ်ဦး ပြန်ခေါ်ယူဖို့ ချက်ချင်း စီစဉ်လာခဲ့ပါတယ်။

Al Nassr to sign Jhon Duran

အယ်လ်နာဆာက အက်စတွန် ဗီလာ တိုက်စစ်မှူး ဂျွန်ဒူရန်နဲ့ သတင်းတွေ စတင် ထွက်ပေါ်ခဲ့ပေမယ့် သူတို့ အမှန်အကန် ကြိုးပမ်းခဲ့တာက လေဗာကူဆင်ရဲ့ နိုင်ဂျီးရီးယား တိုက်စစ်ကစားသမား ဘိုနီဖေ့စ်ဖြစ်ပြီး ရိုမာနိုရဲ့ ဖော်ပြချက်အရ ကစားသမားနဲ့ သဘောတူညီမှု ရရှိထားပြီဖြစ်ကာ အသင်းနှစ်သင်းကြား သဘောတူညီမှု ရနိုင်ဖို့ ဆက်လက် ညှိနှိုင်းနေဆဲလို့ သိရပါတယ်။

ဒါပေမယ့် Sky Germany ဘက်က ဖော်ပြချက်မှာတော့ ဘိုနီဖေ့စ်ရဲ့ အပြောင်းအရွှေ့နဲ့ ပတ်သက်ပြီး ပြောင်းရွှေ့့ကြေး ယူရိုသန်း(၆၀)နဲ့ အသင်းနှစ်သင်းကြား သဘောတူညီမှု ရယူနိုင်ခဲ့တယ်လို့ သတင်းဖော်ပြထားပါသေးတယ်။ အယ်လ်နာဆာကလည်း ဒီအခြေအနေမှာ ဘိုနီဖေ့စ်ကိုသာ ဦးစားပေး ကြိုးပမ်းသွားနိုင်ပါတယ်။

တကယ်လို့ ဘိုနီဖေ့စ်ရဲ့ အပြောင်းအရွှေ့သာ ရပ်တန့်သွားခဲ့မယ်ဆိုရင် အယ်လ်နာဆာက ဗီလာရဲ့ ကိုလံဘီယာ တိုက်စစ်မှူးလေး ဒူရန်ကို ပြောင်းလဲ ကြိုးပမ်းလာနိုင်ပြီး ဒူရန်ကို ခေါ်ယူဖို့ကတော့ ဘိုနီဖေ့စ် deal ထက် ပိုမို ခက်ခဲရနိုင်ပါတယ်။ အယ်လ်နာဆာဟာ လီဗာပူးလ်က တိုက်စစ်မှူး ဒါဝင် နူးညက်ဇ်ကိုလည်း ကြိုးပမ်းခဲ့သေးပေမယ့် လီဗာပူးလ်ဘက်က ငြင်းဆန် ပယ်ချထားခဲ့ပါတယ်။

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments