Wednesday, January 14, 2026
spot_img
spot_img

ဘိုင်ယန် ကြယ်ပွင့်လေး မာသီးစ် တဲလ်ကို ခေါ်ယူဖို့ ကြိုးပမ်းလာနိုင်တဲ့ ယူနိုက်တက်

မန်ချက်စတာ ယူနိုက်တက်အသင်းဟာ အခု ဆောင်းရာသီ အပြောင်းအရွှေ့ဈေးကွက် မပိတ်သိမ်းခင်မှာပဲ ဘိုင်ယန်မြူးနစ်အသင်းရဲ့ ပြင်သစ် တိုက်စစ်ကစားသမားလေး မာသီးစ် တဲလ်ကို ခေါ်ယူသွားဖို့ ကြိုးပမ်းမှုတွေ ရှိလာနိုင်တယ်လို့ သတင်းထွက်ပေါ်လို့လာခဲ့ပါတယ်။

ယူနိုက်တက်က ဆောင်းဈေးကွက်မှာ အသင်းအတွက် လိုအပ်နေတဲ့ နေရာတစ်ခုဖြစ်တဲ့ ဘယ်ခြမ်းခံစစ်နေရာအတွက် လက်ချီက ဒိန်းမတ် ဘယ်နောက်ခံကစားသမားလေး ပက်ထရစ် ဒိုဂူကို ပြောင်းရွှေ့ကြေး + အပိုဆုကြေး ယူရို(၃၅)သန်းနဲ့ ခေါ်ယူဖို့ သဘောတူညီမှု ရရှိထားခဲ့ပြီလို့ ရိုမာနိုက အတည်ပြုထားပါတယ်။

ယူနိုက်တက်အနေနဲ့ ဒီဈေးကွက်မှာ ကစားသမားအထွက်အနေနဲ့ တောင်ပံကစားသမား အန်တိုနီကို ဘက်တစ်အသင်းဆီ အငှားချထားသလို မားကပ်စ် ရပ်ရှ်ဖို့ဒ်ကလည်း ဘာစီလိုနာနဲ့ တောက်လျှောက် သတင်းထွက်နေပြီး ဂါနာချိုကိုလည်း ချယ်လ်ဆီးနဲ့ နာပိုလီတို့က အပြိုင်ကြိုးပမ်းလျက် ရှိနေရာ ဈေးကွက်မပိတ်ခင် ဒီကစားသမား(၂)ယောက်ထဲက တစ်ယောက်ယောက် အသင်းကနေ ထွက်ခွာသွားနိုင်ပါတယ်။

Manchester United could make a move for Bayern Munich's French striker Matthijs Theil before the transfer window closes.

တကယ်လို့ တိုက်စစ်ကစားသမားတစ်ယောက်သာ ထွက်ခွာသွားမယ်ဆိုရင် ယူနိုက်တက် တိုက်စစ်ပိုင်းက အားနည်းသွားနိုင်တာဖြစ်လို့ ချယ်လ်ဆီးက ခရစ္စတိုဖာ အန်ကွန်ကူအပြင် ဒီဈေးကွက်ထဲမှာ ဘိုင်ယန်ကနေ ထွက်ခွာဖို့ ဆုံးဖြတ်လိုက်တဲ့ မာသီးစ် တဲလ်ကိုပါ ယူနိုက်တက်တို့ ကြိုးပမ်းလာနိုင်ပါတယ်။

အသက်(၁၉)နှစ်သာ ရှိသေးတဲ့ ဆယ်ကျော်သက်အရွယ် ရန်းစ်ကစားသမားဟောင်း တဲလ်ဟာ မနှစ်က ဆောင်းဈေးကွက်မှာလည်း ယူနိုက်တက်နဲ့ အခုလို အပြောင်းအရွှေ့ ကောလဟာလတွေ ထွက်ပေါ်ခဲ့သေးသူဖြစ်ပြီး အခုလည်း သူ့ကို ထပ်မံ ကြိုးပမ်းမှုတွေ ရှိလာခဲ့ပါတယ်။ လက်ရှိ ယူနိုက်တက် တိုက်စစ်မှာ အာမတ် တစ်ဦးလောက်သာ အားထားနေတာကြောင့် ရပ်ရှ်ဖို့ဒ် ဒါမှမဟုတ် ဂါနာချိုသာ အသင်းက ထွက်ခွာမယ်ဆိုရင် တိုက်စစ်ကစားသမားတစ်ဦးကို မဖြစ်မနေ ဖြည့်တင်းသွားနိုင်ပါတယ်။

ဒီအခြေအနေမှာ ယူနိုက်တက်က ချယ်လ်ဆီးတိုက်စစ်ကစားသမား အန်ကွန်ကူကို ပိုမို ဦးစားပေး ကြိုးပမ်းလာနိုင်ပြီး အန်ကွန်ကူကို မခေါ်နိုင်မှသာ တဲလ်ကို ပြောင်းလဲချိန်ရွယ်လာနိုင်ပါတယ်။ မာသီးစ် တဲလ်ကို ချယ်လ်ဆီးအသင်းနဲ့ ကလပ်အသင်း (၇)သင်းလောက်ကလည်း စိတ်ဝင်စားနေကြပြီး ချယ်လ်ဆီးကတော့ အန်ကွန်ကူကို လက်လွတ်ရရင် သူ့နေရာမှာ တဲလ်နဲ့ ပြန်အစားထိုးဖို့ စီစဉ်နေပါတယ်။

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments