Tuesday, January 20, 2026
spot_img
spot_img

ဘာပေအားခေါ်ယူရန် ရီးယဲလ်မက်ဒရစ်အသင်း သဘောတူညီမှုရရှိ

ရီးယဲလ်မက်ဒရစ်အသင်းသည် အသင်း၏ကာလရှည် ပစ်မှတ်ကစားသမားဖြစ်သည့် ပြင်သစ်ကြယ်ပွင့်တိုက်စစ်မှူး ဘာပေအား ယခုနွေရာသီတွင်ခေါ်ယူရန် သဘောတူညီမှု ရရှိခဲ့ပြီဟု နာမည်ကျော်အီတလီလူမျိုး အားကစားသတင်းထောက် ဖာဘရီဇီယိုရိုမာနိုက ဖော်ပြခဲ့သည်။ 

ရီးယဲလ်အသင်းသည် ဘာပေအားခေါ်ယူရန်အတွက် လွန်ခဲ့သည့် (၃)နှစ်ဝန်းကျင်ကတည်းက စတင်ကြိုးပမ်းခဲ့ခြင်းဖြစ်ပြီး ကစားသမားနှင့် PSG အသင်းတို့စာချုပ် သက်တမ်းကုန်ဆုံးသည့် ယခုနွေရာသီတွင်မှ အလွတ်ပြောင်းရွှေ့ကြေးဖြင့်ခေါ်ယူရန် သဘောတူညီမှုရရှိခဲ့ခြင်း ဖြစ်သည်။

အသက် (၂၅) နှစ်အရွယ်ရှိဘာပေသည် PSG အသင်း၏ စာချုပ်သစ်အတွက် မက်လုံးပေးကမ်းလှမ်းမှုများကို အကြိမ်ကြိမ်ငြင်းဆန်ခဲ့ပြီးနောက် ၎င်း၏ငယ်ဘဝ အိပ်မက်အသင်းဖြစ်သည့် ရီးယဲလ်မက်ဒရစ်အသင်းသို့ ပြောင်းရွှေ့ရန် အစောပိုင်းကတည်းက ဆုံးဖြတ်ထားပြီးဖြစ်ကြောင်း သိရသည်။

ရီးယဲလ်မက်ဒရစ်အသင်းသည် ၂၀၂၃- ၂၄ ရာသီချန်ပီယံလိဂ်ဆုဖလားအား ကိုင်မြှောက်ခဲ့ပြီး နာရီပိုင်းအကြာတွင်ပင် ဘာပေအားခေါ်ယူရန် သဘောတူညီမှုရရှိခဲ့ခြင်းဖြစ်ကာ လာမည့်ရက်သတ္တပတ်အတွင်း ရီးယဲလ်ကစားသမားအဖြစ် အတည်ပြုကြေညာသွားဖွယ်ရှိနေသည်။ 

သို့သော် လက်ရှိတွင် ဘာပေသည် ပြင်သစ်အသင်းနှင့်အတူ ယူရို-၂၀၂၄ ပြိုင်ပွဲပါဝင်ယှဉ်ပြိုင်ရန်သာ ပစ်မှတ်ထားနေပြီး ပြိုင်ပွဲပြီးဆုံးမည့် ဇူလိုင်လတွင်မှ ရီးယဲလ်မက်ဒရစ်အသင်းနှင့် စတင်ပူးပေါင်းသွားဖွယ်ရှိနေကြောင်း ဖာဘရီဇီယိုရိုမာနိုကဖော်ပြခဲ့သည်။

ဘာပေသည် ရီးယဲလ်မက်ဒရစ်အသင်းသို့ပြောင်းရွှေ့ရန်အတွက် ပြီးခဲ့သည့် ဖေဖော်ဝါရီလကတည်းက စီစဉ်ထားခြင်းဖြစ်ပြီး လက်ရှိတွင် အပြောင်းအရွှေ့ကိစ္စရန်များအတွက် လျင်မြန်စွာဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

ရီးယဲလ်မက်ဒရစ်အသင်းသည် ဘာပေအားခေါ်ယူရန်သဘောတူညီမှုရခဲ့ပြီးနောက် အသင်းရှိကစားသမားများထဲမှ လူငယ်ကစားသမားအချို့အား ရောင်းချသွားဖွယ်ရှိသည်ဟု သတင်းများထွက်ပေါ်ခဲ့သော်လည်း လက်ရှိတွင် ရီးယဲလ်အသင်းမှကစားသများအားခေါ်ယူရန်သဘောတူညီမှုတစ်စုံတစ်ရာမရှိထားကြောင်းသိရသည်။

အစောပိုင်းက ရီးယဲလ်အသင်းအနေဖြင့် ဘာပေအားခေါ်ယူပြီးပါက ရိုဒရီိဂို၊ အာဒါဂူလာနှင့် အန်းဒရစ်ချ်တို့ထဲမှာ အနည်းဆုံးကစားသမား (၂)ဦးအားရောင်းချရန်စီစဉ်ထား ပြီးဖြစ်ကြောင်း စပိန်မီဒီယာများကဖော်ပြခဲ့ပြီး ယခုအခါ ဘာပေ၏အနာဂတ်မှာ ယင်းကစားသမားများအပေါ် တစ်စုံတစ်ရာသက်ရောက်မှုရှိမည်မဟုတ်ကြောင်း ဖာဘရီဇီယိုရိုမာနို်က ဖော်ပြခဲ့သည်။ 

ဘာပေသည် မိုနာကို၊ PSG အသင်းတို့နှင့်အတူ ပြင်သစ်လီဂူးပြိုင်ပွဲအား (၁၀)ရာသီကြာဖြတ်သန်းခဲ့ပြီး PSG အသင်းသမိုင်းတစ်လျှောက် ဂိုးသွင်းအများဆုံးကစားသမားအဖြစ်မှတ်တမ်းဝင်ခဲ့သလို၊ လီဂူးပြိုင်ပွဲသမိုင်းတစ်လျှောက် (၇)ဦးမြောက်ဂိုးသွင်းအများဆုံး ကစားသမားအဖြစ် ရပ်တည်နိုင်ခဲ့ကြောင်း စပိန်အားကစားသတင်းစာ Football Espana ကဖော်ပြခဲ့သည်။ 

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments