Thursday, January 15, 2026
spot_img
spot_img

ဘာစီလိုနာအသင်းမှထွက်ခွာရန် အန်ဆူဖာတီ စဉ်းစားနေပြီး ၎င်းကို ခေါ်ယူရန် ချယ်လ်ဆီးနှင့် စပါးအသင်းတို့ စိတ်ဝင်စားနေ

ဘာစီလိုနာလူငယ်တိုက်စစ်မှူး အန်ဆူဖာတီသည် ယခုနွေရာသီအပြောင်းအရွှေ့ဈေးကွက်မပိတ်မီ အသင်းမှထွက်ခွာရန် စဉ်းစားနေပြီး ၎င်းကို ခေါ်ယူရန် ပရီးမီးယားလိဂ်ထိပ်သီးများဖြစ်သည့် ချယ်လ်ဆီးနှင့် စပါးအသင်းတို့က စိတ်ဝင်စားနေကြကြောင်း သိရှိရသည်။

အသက် (၂၀)အရွယ်ရှိ စပိန်လက်ရွေးစင်တိုက်စစ်မှူး အန်ဆူဖာတီသည် ဘာစီလိုနာအကယ်ဒမီ လာမာစီယာထွက်ကစားသမားဖြစ်ပြီး အသက် (၁၆)နှစ်အရွယ်တွင် ဘာစီလိုနာအသင်း၌ ပရော်ဖက်ရှင်နယ်အဖြစ် ပွဲထွက်ကစားခဲ့သူဖြစ်သည်။

အန်ဆူဖာတီအား ခေါ်ယူရန် ပြီးခဲ့သည့်နွေရာသီက မန်ယူ၊ အာဆင်နယ်၊ ချယ်လ်ဆီးအပါအဝင် ဥရောပထိပ်တန်းအသင်းများစွာက စိတ်ဝင်စားခဲ့ကြသော်လည်း ကစားသမားက ဘာစီလိုနာအသင်းတွင်သာ ဆက်နေရန် ဆုံးဖြတ်ခဲ့သည်။ သို့သော် အန်ဆူဖာတီအနေဖြင့် လက်ရှိတွင် ဘာစီလိုနာအသင်း၌ ပုံ မှန်ပွဲထွက်ခွင့်ရရန် ရုန်းကန်နေရခြင်းအပေါ်  စိတ်ပျက်နေပြီး ယခုနွေရာသီအပြောင်းအရွှေ့ဈေးကွက်မပိတ်မီ အသင်းပြောင်းရွှေ့ရန် စဉ်းစားနေကြောင်း စပိန်မီဒီယာများက ကျယ်ကျယ်ပြန့်ပြန့် ဖော်ပြနေကြသည်။

လက်ရှိတွင် အန်ဆူဖာတီအား ခေါ်ယူရန် ပရီးမီးယားလိဂ်ထိပ်သီးများဖြစ်သည့် ချယ်လ်ဆီးနှင့် စပါးအသင်းတို့က စိတ်ဝင်စားနေကြောင်း သိရှိရသည်။ စပါးအသင်းသည် ဘိုင်ယန်မြူးနစ်အသင်းထံသို့ ထွက်ခွာသွားသော အင်္ဂလန်တိုက်စစ်မှူး ဟာရီကိန်း၏ နေရာတွင် အစားထိုးရန်အတွက် အန်ဆူဖာတီကို ခေါ်ယူလိုနေခြင်းဖြစ်ကြောင်း သိရသည်။ စပါးအသင်းသည် အန်ဆူဖာတီကို တစ်ရာသီအငှားဖြင့် ခေါ်ယူရန် ဘာစီလိုနာအသင်းထံ ကမ်းလှမ်းထားပြီဖြစ်ပြီး ချယ်လ်ဆီးအသင်းက တရားဝင်ကမ်းလှမ်းခြင်းမရှိသေးကြောင်း သြဂုတ်  (၃၀) ရက်တွင် အီတလီဂျာနယ်လစ် ဖာဘရီဇီယိုရိုမာနိုက ဖော်ပြခဲ့သည်။

ဘာစီလိုနာအသင်းသည် အသင်းတိုက်စစ်မှူး အန်ဆူဖာတီအား ရောင်းချခြင်း သို့မဟုတ် အငှားချပြုလုပ်ပြီးပါက အက်သလက်တီကိုအသင်းတွင် ပွဲကစားခွင့်မရသည့် ပေါ်တူဂီတိုက်စစ်ကစားသမား ဂျော်အိုဖေးလစ်ကို အစားထိုးခေါ်ယူရန် စီစဉ်နေကြောင်း သိရသည်။ ဂျော်အိုဖေးလစ်က မိမိအနေဖြင့် ဘာစီလိုနာအသင်းတွင် ကစားလိုကြောင်းနှင့် ယင်းမှာ ငယ်ဘဝအိပ်မက်ဖြစ်ကြောင်း ဖွင့်ဟပြောကြားထားသည်။

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments