အမေရိကန်ကလပ် အင်တာမိုင်ယာမီအသင်းသည် ဘာစီလိုနာ ဂန္ထဝင်ကစားသမား ဘက်စကွတ်ကို အလွတ်ပြောင်းရွှေ့ကြေးဖြင့် ခေါ်ယူနိုင်ခဲ့ပြီဖြစ်ကြောင်း သောကြာနေ့က သတင်းထုတ်ပြန်သည်။
အင်တာမိုင်ယာမီသည် ပြီးခဲ့သည့်သီတင်းပတ်များတွင်လည်း ကမ္ဘာ့အကောင်းဆုံးဘောလုံးသမားတစ်ဦးဖြစ်သူ မက်ဆီကို ခေါ်ယူနိုင်ခဲ့ပြီး ဘာစီလိုနာကစားသမားဟောင်းများဖြစ်ကြသော မက်ဆီနှင့် ဘက်စကွတ်သည် အင်တာမိုင်ယာမီတွင် ပြန်လည်တွဲကစားခွင့်ရမည်ဖြစ်သည်။

အင်တာမိုင်ယာမီအသင်းသည် နောက်ထပ်ဘာစီလိုနာကစားသမားတစ်ဦးဖြစ်သော ဂျော်ဒီအယ်လ်ဘာကိုလည်း ခေါ်ယူလိုနေသည်။ အယ်လ်ဘာသည် စာချုပ်သက်တမ်းတစ်နှစ်ကျန်နေသေးသော်လည်း အဆိုပါစာချုက်ကို နှစ်ဘက်သဘောတူ ဖျက်သိမ်းနိုင်ရေး ဘာစီလိုနာအသင်းနှင့်သဘောတူညီချက်ရရှိထားပြီး ၎င်း၏အနာဂတ်ကို လာမည်သီတင်းပတ်များတွင် ကြေညာဖွယ်ရှိသည်။







