Tuesday, January 20, 2026
spot_img
spot_img

ဘာစီလိုနာမှာ အနာဂတ် မရေရာတော့ကြောင်း ဖွင့်ဟလာတဲ့ ဖရန့်ကီ ဒီဂျောင်

ဘာစီလိုနာအသင်းရဲ့ နယ်သာလန် ကွင်းလယ်ကစားသမား ဖရန့်ကီ ဒီဂျောင်ကတော့ နယ်သာလန် ဘောလုံး မဂ္ဂဇင်တစ်ခုဖြစ်တဲ့ Voetbal International နဲ့ အင်တာဗျူး ပြုလုပ်ခဲ့စဉ်အတွင်းမှာ သူရဲ့ အနာဂတ်နဲ့ ပတ်သက်ပြီး ဖွင့်ဟ ပြောကြားမှုတွေ လုပ်ဆောင်သွားခဲ့ပါတယ်။

နယ်သာလန် လက်ရွေးစင် ကွင်းလယ်လူ ဒီဂျောင်ဟာ အေဂျက်စ်ကနေ ဘာစီလိုနာဆီ ရောက်လာစဉ်ကတည်းက ဘာစီလိုနာရဲ့ အရေးပါတဲ့ ကစားသမားတစ်ဦး ဖြစ်ခဲ့သလို ဒီဂျောင်ကိုယ်တိုင်ကလည်း ဘယ်အသင်းတွေဆီက စိတ်ဝင်စားမှု ရရ ဒါတွေကို လစ်လျူရှုပြီး ဘာစီလိုနာမှာသာ ကစားသမားဘဝကို ဆက်လက် ဖြတ်သန်းခဲ့ပါတယ်။

ဒီဂျောင်ရဲ့ ဆရာသမားဖြစ်သူ နည်းပြ အဲရစ် တန်ဟက်ဂ်ဆိုရင်လည်း ယူနိုက်တက် နည်းပြအဖြစ် ဆောင်ရွှက်နေစဉ်တုန်းက ဒီဂျောင်ကို အရ ခေါ်ယူဖို့ ကြိုးပမ်းခဲ့ဖူးသလို ဘိုင်ယန်ကလည်း အသင်းကနေ ထွက်ခွာနိုင်တဲ့ ကွင်းလယ်လူ ကင်မစ်ချ်နေရာမှာ ဒီဂျောင်နဲ့ အစားထိုးသွားဖို့ စိတ်ဝင်စားခဲ့ပါသေးတယ်။

Frenkie de Jong reveals his future at Barcelona is uncertain

ဒါပေမယ့် ဒီဂျောင်ကတော့ ဒီအသင်းတွေဆီ ပြောင်းရွှေ့ဖို့ထက် ဘာစီလိုနာမှာ ဆက်နေဖို့ကိုသာ ရွေးချယ်ခဲ့ပေမယ့် သူရဲ့ စာချုပ်သက်တမ်းက ၂၀၂၆မှာပဲ ကုန်ဆုံးတော့မှာ ဖြစ်သလို ခြေချင်းဝတ်ဒဏ်ရာ သက်သာပြီးနောက်ပိုင်း အသင်းမှာ ပွဲကစားခွင့်တွေ ပုံမှန်မရနိုင်တော့တာက ဒီဂျောင်အတွက်တော့ သူ့အနာဂတ်အတွက် စဉ်းစားစရာတွေ ဖြစ်လာခဲ့ပါတယ်။

“လူတွေကတော့ ကျွန်တော် ဘာစီလိုနာအသင်းမှာ ထာဝရ နေသွားမယ်လို့ ထင်ကြလိမ့်မယ်။ ဘာကြောင့်လဲဆိုတော့ ဒီမှာ ဘောလုံးလောကရဲ့ အပြင်ဘက်မှာက နေရထိုင်ရ ကောင်းလို့လေ။ ဒါက ကောင်းတယ်ဆိုပေမယ့် ကွင်းထဲမှာ ဖြစ်ပျက်နေတာတွေက အမြဲတမ်း ပိုအရေးကြီးတယ်။ ကျွန်တော်က အသင်းအတွက် လုံလောက်အောင် မပါဝင်နိုင်ဘူး ဒါမှမဟုတ် အသင်းက ပြိုင်ဆိုင်မှု မရှိဘူးဆိုရင်တော့ ကျွန်တော် အသင်းကနေ ထွက်သွားမှာပါ။”

“ကျွန်တော် ဘာစီလိုနာနဲ့ လက်တွဲလိုက်ချိန်တုန်းက အသင်းနဲ့အတူ (၄)နှစ်လောက် ဖြတ်သန်းအပြီးမှာ လာလီဂါဖလား (၁)လုံး ကိုပါဒယ်ရေးဖလား (၁)လုံးနဲ့ စပိန်စူပါဖလား (၁)လုံးတို့သာ ရခဲ့လိမ့်မယ်လို့ မတွေးခဲ့မိဘူး။ အနည်းဆုံးတော့ ဖလားတွေကို (၂)လုံးစီလောက် ယူနိုင်လိမ့်မယ်လို့ ထင်ခဲ့တာ။ ဒါကလည်း ကျွန်တော့်ကို စိတ်ပျက်စေခဲ့ပါတယ်။” လို့ ဒီဂျောင်က ထုတ်ဖော် ပြောဆိုလိုက်ပါတယ်။

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments