Monday, February 9, 2026
spot_img
spot_img

ဘာစီလိုနာပရိသတ်အဖြစ် ဆက်ရှိနေမည်ဟု ပီကေး ပြောကြား

အယ်မယ်ရီယာနှင့်ပွဲအပြီးတွင် ကစားသမားဘဝမှ အနားယူတော့မည့် ဘာစီလိုနာဝါရင့်နောက်ခံလူ ပီကေးက မိမိအနေဖြင့် ဘာစီလိုနာပရိသတ်အဖြစ် ဆက်ရှိနေမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ပီကေး(၃၅ နှစ်)သည် ၂၀၂၄ ခုနှစ်အထိ ဘာစီလိုနာအသင်းနှင့် စာချုပ်ချုပ်ဆိုထားပြီး ယူရိုသန်း(၅၀၀)တန် လျော်ကြေးစာချုပ်လည်း ချုပ်ဆိုထားသည်။

သို့သော် မထင်မှတ်သည့်အခြေအနေတွင် ကစားသမားဘဝမှ အနားယူတော့မည်ဖြစ်ကြောင်း ကြေညာခဲ့ခြင်းဖြစ်ပြီး ဘောလုံးသမားအဖြစ် ဆက်လက်ရပ်တည် လိုခြင်းမရှိတော့၍ဖြစ်ကြောင်းလည်း ပြောကြားခဲ့သည်။

ပီကေးက “စနေနေ့ပွဲက နူးကမ့်မှာ ကျွန်တော့်ရဲ့ နောက်ဆုံးပွဲဖြစ်လာမှာပါ။ ကျွန်တော်က ဘာစီလိုနာအသင်းရဲ့ ပရိသတ်အဖြစ် ဆက်ရှိသွားမှာပါ။ ဘာစီလိုနာပြီးရင် ကျွန်တော့်အတွက် နောက်တစ်သင်း မရှိတော့ပါဘူး။ ကျွန်တော် ဒီအသင်းကို အနှေးနဲ့အမြန် ပြန်လာမှာပါ။ ကျွန်တော်တို့ နူးကမ့်မှာ ပြန်ဆုံတွေ့ကြမယ်”ဟု ပြောကြားခဲ့သည်။

ပီကေးသည် ဘာစီလိုနာအသင်းတွင် ၂၀၀၈-၀၉ ရာသီကတည်းက ယှဉ်ပြိုင်ကစားခဲ့ပြီး ဆုဖလားအောင်ပွဲများစွာ ရယူနိုင်ခဲ့သည်။ ပြိုင်ပွဲစုံ ပွဲ(၆၀၀)ကျော် ယှဉ်ပြိုင်ကစားထားကြောင်းလည်း သိရသည်။

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments