Wednesday, January 14, 2026
spot_img
spot_img

ဘာစီလိုနာကွင်းလယ်လူ ဒီယွန်း ခြေချင်းဝတ်ဒဏ်ရာကြောင့် ရာသီကုန်အထိ နားရမည်

ဘာစီလိုနာအသင်း၏ နယ်သာလန်ကွင်းလယ်ကစားသမား ဖရန်ကီဒီယွန်းသည် ခြေချင်းဝတ်ဒဏ်ရာကြောင့် ရာသီကုန်အထိ အနားယူရမည်ဖြစ်ကြောင်း သိရသည်။

ဒီယွန်းသည် ရီးယဲလ်အသင်းနှင့် ယှဉ်ပြိုင်ကစားခဲ့သည့် El Clasico ပွဲစဉ်တွင် ပြိုင်ဘက်ကစားသမား ဗယ်လ်ဗာဒီနှင့် ဘောလုံးယှဉ်လုရာမှ အဆိုပါဒဏ်ရာ ရရှိခဲ့ခြင်းဖြစ်ပြီး ဆေးစစ်ဆေးမှုများအရ (၅)ပတ်မှ (၆)ပတ်အထိ အနားယူရမည်ဖြစ်ကြောင်း သိရသည်။

ထို့ကြောင့် ဒီယွန်းအနေဖြင့် ယခုရာသီတွင် ဘာစီလိုနာအသင်းအတွက် ပြန်ကစားနိုင်တော့မည်မဟုတ်ဘဲ ယူရို- ၂၀၂၄ ပြိုင်ပွဲ၌ နယ်သာလန်အသင်းအတွက် ကစားနိုင်ရန်သာ ကြိုးပမ်းရတော့မည်ဖြစ်ကြောင်း သိရသည်။

ဒီယွန်း(၂၆ နှစ်)သည် ၂၀၁၉ ခုနှစ်တွင် အေဂျက်စ်အသင်းမှ ဘာစီလိုနာအသင်းသို့ ယူရို(၇၅) သန်းဖြင့် ပြောင်းရွှေ့ခဲ့သူဖြစ်ပြီး စတင်ရောက်ရှိချိန်ကတည်းက အမာခံကစားသမားအဖြစ် ရပ်တည်နိုင်ခဲ့သော်လည်း ယခုရာသီတွင်မူ ဒဏ်ရာ ပြဿနာများနှင့် ရင်ဆိုင်ခဲ့ရသည်။

ထို့ပြင် ပြောင်းရွှေ့ကြေးမြင့်မားစွာ ရရှိမည့် ကစားသမားဖြစ်သောကြောင့် ဘာစီလိုနာအသင်းက လာမည့်နွေရာသီတွင် ပြန်လည်ရောင်းထုတ်ဖွယ်ရှိကြောင်းလည်း သတင်းများ ထွက်ပေါ်ခဲ့သည်။

ယခု ဒဏ်ရာပြဿနာမှာ အပြောင်းအရွှေ့စျေးကွက်အပေါ် သက်ရောက်မှုမရှိနိုင်သော်လည်း ယူရိုပြိုင်ပွဲမတိုင်မီ ကြံ့ခိုင်မှုပြည့်ဝရန်အတွက်မူ စိုးရိမ်စရာဖြစ်ကြောင်း ဥရောပမီဒီယာအချို့က သုံးသပ်ရေးသားခဲ့ကြသည်။

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments