ဘိုင်ယန်မြူးနစ်စူပါစတား ဂျိုရွှာ ကင်မစ်ချ် ကို ခေါ်ယူဖို ဘာစီလိုနာအသင်းက စဉ်းစားနေတယ်လို သတင်းထွက်ခဲ့တာနဲ့အညီ ဘာစီလိုနာအသင်းကို ဂျိုရွှာ ကင်မစ်ချ် ပြောင်းရွှေ့ဖို ယခုသီတင်းပတ်အတွင်း ချိတ်ဆက်တယ်ဆိုတဲ့ ကောလာဟလတွေကို မြင်တွေ့ရတာကြောင့် ဘာစီလိုနာပရိသတ်တွေ အံ့အားသင့်ခဲ့ကြပါတယ်။
ကင်မစ်ချ်ဟာ ဘိုင်ယန်မြူးနစ် မှာ စာချုပ်သက်တမ်း နှစ်နှစ်သာ ကျန်ရှိတော့တာကြောင့် ယခုနွေရာသီတွင် ပြောင်းရွှေ့ကြေး ယူရို သန်း ၆၀ အောက်ဖြင့် ရရှိနိုင်မယ်လို ဘာစီလိုနာက ယုံကြည်နေပါတယ်။ ဖာဘရီဇီယို ရိုမာနိုတောင်မှ ဘာစီလိုနာဟာ ကင်မစ်ချ် ကို သဘောကျတယ်လို မကြာသေးမီကပဲ ဝန်ခံခဲ့ပြီး ဘာစီလိုနာနည်းပြ ဇာဗီဟာနန်ဒက်ဇ်က သူ့ကို “ထိပ်တန်းကစားသမား” လို သတ်မှတ်ထားပါတယ်။ သိုသော်လည်း ဘာစီလိုနာဟာ ဂျာမန်လက်ရွေးစင်ကစားသမားကို ခေါ်ယူဖို ကြိုးပမ်းရာမှာ လမ်းပိတ်ဆိုမှုများစွာနှင့် ရင်ဆိုင်ရဖွယ်ရှိပါတယ်။ တစ်ခုတည်းသောအချက်ကတော့ ဘိုင်ယန်မြူးနစ်အသင်းဟာ ၎င်းတိုရဲ့ကြယ်ပွင့်ကွင်းလယ်ကစားသမားကို ရောင်းချခြင်းနဲ့ပတ်သက်ပြီး ဘယ်အသင်းနဲ့မှ ညှိနှိင်းဖို ရည်ရွယ်ချက်မရှိခြင်းပဲဖြစ်ပါတယ်။

ကင်မစ်ချ်ဟာ မကြာသေးမီနှစ်များအတွင်း ဘိုင်ယန်အတွက် အရေးပါတဲ့ခေါင်းဆောင်တစ်ဦးဖြစ်ခဲ့ပြီး Manuel Neuer နဲ့ သောမတ်စ် မူလာ တိုကလည်း သူတို၏သက်ဆိုင်ရာအသက်မွေးဝမ်းကြောင်း၏နောက်ဆုံးအဆင့်သိုရောက်နေပြီဖြစ်တာကြောင့်လည်းကောင်း၊ ဘိုင်ယန်မြူးနစ်အသင်းနည်းပြ သောမတ်စ်တူချယ်ကလည်း ၎င်း၏ကြယ်ပွင့်ကွင်းလယ်ကစားသမားတစ်ဦး ရာသီကုန်တွင် အသင်းမှထွက်ခွာသွားတာကို မြင်တွေ့ရခြင်းကို နှစ်သက်လိမ့်မှာမဟုတ်တာကြောင့်လည်းကောင်း ကင်မစ်ချ်ဟာ ဘိုင်ယန်မှာ ဆက်လက်တည်ရှိနေမှာပါ။

ဘိုင်ယန်က ကင်မစ်ချ် အား ယူရိုသန်း ၈ ဝန်းကျင်တန်ကြေး ဖြတ်ထားခြင်းကလည်း ဘာစီလိုနာ၏ ယူရိုသန်း ၆၀ တန်ကြေးနဲ့ ဆန့်ကျင်ဘက်ဖြစ်ပါတယ်။ တန်ဖိုးနည်းရင်တောင်မှ ဘာစီလိုနာ ဟာ အပြောင်းအရွှေ့အတွက် ငွေကြေးထောက်ပံ့ဖို အနေအထားမှာ မရှိပါဘူး။ ကစားသမားအလဲအလှယ်လုပ်ဖို ဖြစ်နိုင်ခြေကို တွေးခဲ့ကြပေမဲ့ အခုအချိန်မှာတော့ ဘိုင်ယန်မြူးနစ်ရဲ့ စိတ်ဝင်စားခံရနိုင်၊ ဘိုင်ယန်မြူးနစ်ကို ပြောင်းရွှေ့နိုင်တဲ့ ကစားသမားမျိုး အသင်းမှာ မရှိသေးပါဘူး။
ထိုကြောင့် ဘာစီလိုနာ ဟာ ၎င်းတိုရဲ့ အာရုံစိုက်မှုကို စျေးကွက်ရှိ အခြားပစ်မှတ်များသို ကူးပြောင်းရမှာဖြစ်ပါတယ်။ ကွင်းလယ်ကစားသမားသစ်တစ်ဦးကို ခေါ်ယူဖို ဘာစီလိုနာအသင်းအနေနဲ့ အမှန်တကယ်စိတ်အားထက်သန်နေပါက မာတင် ဇူဘီမန်ဒီ က အသင်းအတွက် စိတ်ဝင်စားစရာရွေးချယ်မှုတစ်ခု ဖြစ်လာနိုင်ပါတယ်။ မဟုတ်ပါကလည်း ယခုနွေရာသီမှာ ယူရို ၅-၆ သန်းဖြင့်ရရှိနိုင်တယ်လို သတင်းထွက်နေတဲ့ ဆော့ဖ်ယန် အမ်ရာဘတ် ကို ရွေးချယ်ကောင်း ရွေးချယ်နိုင်တယ်လိုလည်း သိရပါတယ်။






