Tuesday, January 20, 2026
spot_img
spot_img

ဘရူနိုဖာနန်ဒက်စ်သည် မက်ဆီ၏နောက် ဖန်တီးမှုအကောင်းဆုံးဘောလုံးသမားဟု ဖာဒီနန် ချီးကျူး

ဘောလုံးဝေဖန်သူအဖြစ် ဆောင်ရွက်နေသည့် မန်ယူနောက်ခံလူဟောင်း ဖာဒီနန်က အသင်းကွင်းလယ်ကစားသမား ဘရူနိုဖာနန်ဒက်စ်သည် လက်ရှိဘောလုံးလောကတွင် PSG တိုက်စစ်မှူး မက်ဆီပြီးနောက် ဖန်တီးမှုအကောင်းဆုံးဘောလုံးသမားဖြစ်ကြောင်း ချီးကျူးပြောကြားခဲ့သည်။

ဖာဒီနန်က ”ဘရူနိုဖာနန်ဒက်စ်ရဲ့ ဘောလုံးပေးပို့မှုတွေ၊ အခွင့်အရေးဖန်တီးမှုတွေက ရှယ်ပါပဲ။ သူ မန်ယူကိုရောက်လာပြီးနောက် ဂိုးပါဝင်ပတ်သက်မှုမှာ သူ့ကို ယှဉ်နိုင်တာ မက်ဆီပဲ ရှိပါတယ်။ ဘရူနိုအနေနဲ့ မက်ဆီအဆင့် ရောက်နေပြီလို့ ပြောတာမဟုတ်ပါဘူး”ဟုဆိုခဲ့သည်။

ဘရူနိုဖာနန်ဒက်စ်သည် မန်ယူအသင်းအတွက် ဂိုးဖန်တီးမှုစုစုပေါင်း (၃၆)ကြိမ် ပြုလုပ်ပေးထားကြောင်း သိရသည်။

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments