Monday, February 9, 2026
spot_img
spot_img

ဘရာဇီး အတွက်ရော ပေါ်တူဂီ အတွက်ပါ မန်ချက်စတာ ယူနိုက်တက် ကစားသမားတွေ ဂိုးသွင်းခဲ့ကြတာပါပဲ ။

ယမန်နေ့ က ကစားခဲ့တဲ့ ကမ္ဘာ့ဖလား အုပ်စုပွဲစဉ်တွေ အပြီးမှာတော့ ဘရာဇီး နဲ့ ပေါ်တူဂီ တို့ နောက်တဆင့်ကို တက်လှမ်း နိုင်ခဲ့ကြ ပါတယ် ။ ဘရာဇီး ဟာ ဆွစ်ဇာလန် ကို ၁-၀ နဲ့ အနိုင်ရပြီး ၆ မှတ်နဲ့ နောက်တဆင့် တက်နိုင်ခဲ့သလို ပေါ်တူဂီ ကလည်း ယူရဂွိုင်း ကို ၂-၀ နဲ့ အနိုင် ကစားကာ ၁၆ သင်းဆင့်ကို တက်ရောက် နိုင်ခဲ့ကြ ပါတယ် ။

ကင်မရွန်း နဲ့ ဆားဘီးယား တို့ကတော့ အခု ကမ္ဘာ့ဖလား ရဲ့ အကျိတ်အနယ် အရှိဆုံး ပွဲစဉ် ဖြစ်ခဲ့ပြီး တဘက် ၃ ဂိုးစီ သရေရလဒ် ထွက်ပေါ်ခဲ့ ပါတယ် ။ တောင်ကိုရီးယား အသင်းကတော့ ဂါနာ အသင်းကို ၃-၂ နဲ့ ရှုံးနိမ့် သွားခဲ့ ပါတယ် ။ အဆိုပါ ပွဲမှာ တောင်ကိုရီးယား နည်းပြ ပေါ်လို ဘန်တို ဟာ ပွဲပြီးချိန်မှာ အနီကတ် နဲ့ ထုတ်ခံခဲ့ရပါတယ် ။

စပိန် ရဲ့ လူငယ် ကြယ်ပွင့်လေး ဂါဗီ ဟာ မနေ့က ပြုလုပ် ခဲ့တဲ့ လေ့ကျင့်ခန်း အစီအစဉ် မှာ မပါဝင် နိုင်ခဲ့ပါဘူး ။ ဂါဗီ ဟာ ဂျာမနီ နဲ့ သရေကျတဲ့ ပွဲမှာ ဒဏ်ရာ ရရှိခဲ့တယ်လို့ ကြားသိရပါတယ် ။ ဒါပေမယ့် ဂျပန် နဲ့ ပွဲကို လွဲချော်ရလောက်အောင်တော့ မပြင်းထန်ပါဘူး ။

ပေါ်တူဂီ နည်းပြ ဖာနန်ဒို ဆန်းတိုစ့် က သူဟာ နောက်ခံလူ ဒါနီလို ပါရဲရား ရဲ့ နံရိုး ဒဏ်ရာ အပေါ် နားမလည်နိုင် ခဲ့ဘူးလို့ ထုတ်ဖော် ဝန်ခံ သွားခဲ့ ပါတယ် ။ ပါရဲရား ဟာ လေ့ကျင့်ခန်း အစီအစဉ်မှာ ဒဏ်ရာ ရခဲ့တာ ဖြစ်ပြီး ယူရဂွိုင်း နဲ့ ပွဲမှာ ဝါရင့်ကြီး ပီပီ ကို ပါရဲရား အစား အသုံးပြုခဲ့ရ ပါတယ် ။

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments