Monday, February 9, 2026
spot_img
spot_img

ဘရာဇီးလ်လက်ရွေးစင်အသင်း၏ နည်းပြသစ်လျာထားစာရင်းတွင် ဇီဒန်းလည်း ပါဝင်နေ

ရီးယဲလ်နည်းပြဟောင်း ဇီဒန်းသည် ဘရာဇီးလ်လက်ရွေးစင်အသင်း၏ နည်းပြသစ်လျာထားစာရင်းတွင် ပါဝင်နေကြောင်း သိရသည်။

ဘရာဇီးလ်ဘောလုံးအဖွဲ့ချုပ်သည် ကမ္ဘာ့ဖလား ကွာတားဖိုင်နယ်အဆင့်မှ ထွက်ခွာခဲ့ရပြီးနောက် နည်းပြ ထိထီနှင့် လမ်းခွဲခဲ့ပြီး နည်းပြသစ်အဖြစ် ပြည်ပနိုင်ငံသားများကို ခန့်အပ်ရန် စီစဉ်နေသည်။

ယင်းအတွက် နာမည်ကျော်နည်းပြအများအပြားကို ချိန်ရွယ်နေရာ မော်ရင်ဟို၊ ပိုချက်တီနို၊ သောမတ်စ်တူဟယ်လ်၊ ဘင်နီတက်ဇ်တို့နှင့်အတူ ဇီဒန်းလည်း ပါဝင်နေကြောင်း ပြင်သစ်မီဒီယာအချို့က ဖော်ပြခဲ့ကြသည်။

ဇီဒန်းသည် ရီးယဲလ်အသင်းနှင့် လမ်းခွဲပြီးနောက် ပြင်သစ်လက်ရွေးစင်အသင်းကို ကိုင်တွယ်ရန် ဆန္ဒရှိနေသော်လည်း ပြင်သစ်ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌဖြစ်သူက လက်ရှိနည်းပြ ဒေးရွှမ့်နှင့် ဆက်လက်လက်တွဲရန်သာ လိုလားနေသည့်အတွက် ဇီဒန်းအနေဖြင့် အခြားအသင်း တစ်သင်းသင်းကိုသာ ရှာဖွေရမည့်အခြေအနေဖြစ်နေသည်။

ပြင်သစ်မီဒီယာများက ဇီဒန်းသည် ဘရာဇီးလ်အသင်းကို ကိုင်တွယ်ရန် အလားအလာနည်းပါးပြီး စီးရီးအေကလပ်တစ်သင်းသင်းကိုသာ ကိုင်တွယ်ဖွယ်ရှိသည်ဟုလည်း သုံးသပ်ခဲ့ကြသည်။

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments