Thursday, January 22, 2026
spot_img
spot_img

ဘရန့်ဖို့ဒ်နှင့်ပွဲတွင် ဟာဗက်ဇ် နှစ်ဝါ၊ တစ်နီဖြင့် ထုတ်ပယ်ခံခဲ့ရသင့်သည်ဟု KMI ကောက်ချက်ချ

EFL’s Key Match Incdents (KMI) အဖွဲ့က ဘရန့်ဖို့ဒ်နှင့်ပွဲတွင် အနိုင်ဂိုးသွင်းယူခဲ့သည့် အာဆင်နယ်ကွင်းလယ်တိုက်စစ်ကစားသမား ဟာဗက်ဇ်အနေဖြင့် ဂိုးမသွင်းမီ နှစ်ဝါ၊ တစ်နီဖြင့် ထုတ်ပယ်ခံခဲ့ရသင့်သည်ဟု ကောက်ချက်ချခဲ့သည်။

KMI အဖွဲ့တွင် အဖွဲ့ဝင် (၇)ဦး ပါဝင်ပြီး ကစားသမားဟောင်းများ၊ နည်းပြဟောင်းများပါဝင်သလို၊ EFL မှ ကိုယ်စားလှယ်တစ်ဦးနှင့် PGMOL မှ ကိုယ်စားလှယ်တစ်ဦး ပါဝင်သည်။

KMI သည် တစ်ပတ်အတွင်း ကစားခဲ့သည့် ပရီးမီးယားလိဂ်နှင့် အင်္ဂလန်ဘောလုံးလိဂ်မှ ပွဲစဉ်များအတွင် ထင်ရှားသည့်အခိုက်အတန့်များကို ဆန်းစစ်လေ့လာသည့်အဖွဲ့ဖြစ်သည်။

KMI က မတ်လ (၉) ရက်တွင် ကစားခဲ့သည့် အာဆင်နယ် (၂-၁) ဘရန့်ဖို့ဒ်ပွဲ၌ အာဆင်နယ်ကွင်းလယ်တိုက်စစ်ကစားသမား ဟာဗက်ဇ်အနေဖြင့် ပွဲချိန်(၆၅) မိနစ်တွင် ပယ်နယ်တီရရန် ဒိုင်ဗင်ထိုးခဲ့သည့်အတွက် အဝါကတ်အပြခံရသင့်ကြောင်း မဲပေးခဲ့ဲကြသည်။

ဟာဗက်ဇ်သည် အဆိုပါပွဲစဉ်၌ ပထမပိုင်းပြီးခါနီးတွင် အဝါကတ်ထိထားခဲ့ပြီး ဒိုင်ဗင်ထိုးခြင်းအတွက် အဝါကတ်အပြခံရမည်ဆိုပါက ပွဲချိန် (၆၅)မိနစ်တွင် နှစ်ဝါ၊ တစ်နီ ဖြင့် ထုတ်ပယ်ခံရမည်ဖြစ်သည်။

ဟာဗက်ဇ်သည် အဆိုပါပွဲစဉ် ပွဲချိန် (၈၆) မိနစ်တွင် အာဆင်နယ်အသင်းအတွက် အနိုင်ဂိုးသွင်းယူပေးခဲ့သည်။ သို့သော် KMI အဖွဲ့ဝင် (၇) ဦးလုံးက ဟာဗက်ဇ်အနေဖြင့် ဂိုးမသွင်းမီ ထုတ်ပယ်ခံရသင့်သည်ဟု မဲပေးခဲ့ကြခြင်းဖြစ်သည်။

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments