Tuesday, January 13, 2026
spot_img
spot_img

ဘရန့်ဖို့ဒ်နဲ့ပွဲမတိုင်ခင် ဂျိုတာဒဏ်ရာရနေတာကို စလော့ အတည်ပြု

လီဗာပူးအသင်းဟာ အခုလာမယ့်ဘရန့်ဖို့ဒ်နဲ့ပွဲကို ဂျိုတာမပါပဲ ကစားရဖို့ သေချာသလောက်ရှိနေပြီဖြစ်ပါတယ်။ ပေါ်တူဂီသားဟာ ပြီးခဲ့တဲ့ကြားရက်တုန်းက နော်တင်ဟမ်နဲ့ပွဲမှာ အရန်ခုံကနေလူစားဝင်လာပြီး အဖိုးတန်သရေတစ်မှတ်ရယူပေးနိုင်ခဲ့တာဖြစ်ပါတယ်။

လေ့ကျင့်ခန်းအစီအစဉ်မှာ အနည်းငယ်အဆင်ပြေခဲ့တဲ့နောက် ဂျိုတာတစ်ယောက် ဘရန့်ဖို့ဒ်နဲ့ပွဲကို လွဲချော်နိုင်ချေရှိနေတာဖြစ်ပါတယ်။ ဒါပေမယ့် ဒီယက်ဇ်တစ်ယောက် အဖျားဝေဒနာကနေ ပြန်လာနိုင်တာကတော့ လီဗာပူးအသင်းအတွက် သတင်းကောင်းဖြစ်လာပါတယ်။

“ဂျိုတာက ကျွန်တော်တို့အတွက် အရေးပါတဲ့ကစားသမားဆိုတာ သံသယရှိစရာမလိုပါဘူး။ သူမနေ့က လေ့ကျင့်ခန်းမဆင်းနိုင်ခဲ့ပါဘူး။ ဒီနေ့မှာတော့ ကျွန်တော်တို့ သူ့အခြေအနေကို စောင့်ကြည့်ရပါမယ်။ မနက်ဖြန်ပွဲမှာ သူပါဝင်လာနိုင်မလားဆိုတာ မသေချာသေးပါဘူး။ ကျွန်တော်တို့

Liverpool are almost certain to be without DiogoJota for the upcoming match against Brentford.

ဆက်လက်စောင့်ကြည့်ရပါမယ်”လို့ စလော့က ပြောကြားခဲ့ပါတယ်။

ဂျိုတာဟာ အောက်တိုဘာလကတည်းက ၂ ပွဲသာ ပွဲဦးထွက်ပါဝင်ခွင့်ရရှိထားကာ ရင်ဘတ်ဒဏ်ရာကြောင့် ၈ ပတ်လောက်နီးပါးနားခဲ့ရပါတယ်။ ဝုဗ်စတားဟောင်းဟာ ဒဏ်ရာပြဿနာတွေကြောင့် ၂ ရာသီခွဲအတွင်း ၆၆ ပွဲလွဲချော်ခဲ့ပါတယ်။ ဒါပေမယ့် စလော့တ်က ဂျိုတာနဲ့ပတ်သက်ပြီး ဘာထူးရှယ်ကုသမှုမှ မရခဲ့တာဖြစ်ပါတယ်။

“ကစားသမားတစ်ဦးချင်းစီတိုင်းအတွက် သီးသန့်အစီအစဉ်ရှိပါတယ်။ ကျွန်တော်ပြောခဲ့သလိုပါပဲ ကစားသမားအားလုံးအတွက် ၈၀% နဲ့ ၉၀% လောက်က တူညီကြပါတယ်။ ဒါပေမယ့် တစ်ဦးချင်းစီအတွက်တော့ သူတို့ကို ဒဏ်ရာပြဿနာတွေကနေ ကာကွယ်ဖို့လုပ်ဆောင်ရပါတယ်။ သူကိုယ်တိုင်လည်း တစ်ဦးချင်းအလုပ်တွေလုပ်ဆောင်ပြီး ဒဏ်ရာပြဿနာတွေကနေ ကာကွယ်ပါတယ်။

ဒါပေမယ့် အဲ့တာက သူတစ်ဦးတည်းအတွက် လုပ်တာမဟုတ်ပါဘူး။ အားလုံးအတူတူပါပဲ”လို့ စလော့က ထပ်လောင်းပြောကြားခဲ့ပါတယ်။

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments