Thursday, January 22, 2026
spot_img
spot_img

ဘရန့်ဖို့ဒ်စတားကို စိတ်ဝင်စားနေတဲ့ အာဆင်နယ် နဲ့ နော်တင်ဟမ်

သတင်းတွေအရ အာဆင်နယ် နဲ့ နော်တင်ဟမ်ဖောရက်စ်အသင်းတို့ဟာ ဘရန့်ဖို့ဒ်စတား ဝီဆာကို စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။ ၂ သင်းစလုံးက တိုက်စစ်ပိုင်းအတွက် အားဖြည့်ချင်နေပြီး အခုဆောင်းဈေးကွက်မှာ ခေါ်ယူဖွယ်ရှိနေပါတယ်။ ဖောရက်စ်ကတော့ လီဗာပူးအသင်းကို အိမ်ကွင်းမှာ ၁-၁ သရေကျခဲ့ပြီး အာဆင်နယ်ကတော့ လန်ဒန်ဒါဘီမှာ တော့တင်ဟမ်ကို ၂-၁ နဲ့အနိုင်ရရှိခဲ့ပါတယ်။

ဆန်းတို့စ်ရဲ့အသင်းဟာ အမှတ်ပေးဇယားရဲ့အဆင့် ၃ နေရာမှာ ရပ်တည်နေပြီး လီဗာပူးအသင်းကို ခရစ္စဝုဒ်ရဲ့ဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့် လီဗာပူးက ချေပဂိုးပြန်လည်သွင်းယူနိုင်ခဲ့ပါတယ်။ နယူးဇီလန်သားရဲ့စွမ်းဆောင်ရည်ကောင်းတွေကြောင့် အွမ်နီရီတစ်ယောက် နေရာပျောက်လာခဲ့ပြီး ဝက်စ်ဟမ်းကလည်း တိုက်စစ်ပိုင်းလိုအပ်နေချိန်မှာ ခေါ်ယူဖို့ စဉ်းစားနေပါတယ်။

အန်တိုနီယိုတစ်ယောက် ကာလရှည်နားရမယ့်အနေအထားအပြင် ဒဏ်ရာပြဿနာတွေများနေတာကြောင့် ဝက်စ်ဟမ်းက ကစားသမားသစ်ရှာဖွေလာခဲ့တာဖြစ်ပါတယ်။တကယ်လို့ အွမ်နီရီထွက်ခွာဖြစ်ခဲ့ရင် ဖောရက်စ်အသင်းက ဝီဆာနဲ့ အစားထိုးဖို့ ပြင်ဆင်နေပါတယ်။ အာဆင်နယ်ကလည်း တိုက်စစ်ပိုင်းအတွက် ဝီဆာအပြင် အမ်ဘွီမူကိုပါ စိတ်ဝင်စားနေပါတယ်။

Arsenal beat Tottenham 2-1 in the London derby.

အသက် ၂၈ နှစ်သားဟာ ဒီရာသီအသင်းအတွက် ၁၂ ဂိုးအထိသွင်းယူထားနိုင်ခဲ့ပြီး မန်စီးတီးနဲ့ပွဲမှာလည်း စွမ်းဆောင်ရည်ကောင်းတွေပြသနိုင်ခဲ့ပါတယ်။ အာဆင်နယ်ကတော့ တိုက်စစ်ပိုင်းမှာ ဆာကာဒဏ်ရာရရှိခဲ့တာကြောင့် အခုဆောင်းဈေးကွက်မှာ တိုက်စစ်ပိုင်းကို အားဖြည့်ချင်နေပါတယ်။ အင်္ဂလန်သားဟာ တော့တင်ဟမ်ကိုအနိုင်ရခဲ့တဲ့ပွဲကို တက်ရောက်ကြည့်ရှုခဲ့ပေမယ့် တံကောက်ကြောဒဏ်ရာကြောင့် အချိန်တစ်ခုလောက်နားရဦးမှာဖြစ်ပါတယ်။ ဝမ်နရီပြန်လာနိုင်တော့မှာဖြစ်ပေမယ့် ဂျီးဆပ်စ်က ယူနိုက်တက်နဲ့အက်ဖ်အေဖလားပွဲမှာ ပြင်းထန်တဲ့ဒူးအရွတ်ကြောဒဏ်ရာရရှိခဲ့တာဖြစ်ပါတယ်။

“မှန်ပါတယ်။ သေချာပါတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ ဆာကာ နဲ့ ဂျီးဆပ်စ်ဒဏ်ရာရခဲ့တာကြောင့် ကစားသမားသစ်ခေါ်ယူမှာပါ။ ကျွန်တော်တို့လူစာရင်းမှာ ကစားသမား ၁၄ ဦးသာရှိနေပါတယ်။ ၃ ရက်ကို တစ်ပွဲနှုန်းကန်နေရတာကြောင့် ကျွန်တော်တို့နဲ့ကိုက်ညီတဲ့ကစားသမားတွေ့ရင်ခေါ်ယူမှာပါ”လို့ အာတီတာက ပြောကြားခဲ့ပါတယ်။

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments