Wednesday, February 11, 2026
spot_img
spot_img

ဘင်ဖီကာနောက်ခံလူ အန်တိုနီယိုဆေးလ်ဗားကို ခေါ်ယူရန် လီဗာပူးလ်အသင်း စီစဉ်

လီဗာပူးလ်အသင်းသည် လာမည့်ဇန်နဝါရီအပြောင်းအရွှေ့ကာလတွင် ဘင်ဖီကာအသင်းမှ ပေါ်တူဂီဆယ်ကျော်သက်နောက်ခံလူ အန်တိုနီယိုဆေးလ်ဗားအား ခေါ်ယူရန် စီစဉ်လျက်ရှိကြောင်း ပေါ်တူဂီသတင်းစာ A Bola က ဖော်ပြခဲ့သည်။

အသက် ၁၉ နှစ် အရွယ်ရှိ အန်တိုနီယိုဆေးလ်ဗားသည် ယခုရာသီတွင် ဘင်ဖီကာအတွက် ပြိုင်ပွဲစုံ ၁၈ ပွဲ ကစားထားပြီး သုံးဂိုး သွင်းယူထားသည်။ ၎င်းအား ခေါ်ယူရန် လီဗာပူးလ်အပြင် နာပိုလီ နှင့် ဂျူဗင်တပ်စ်တို့ကလည်း စိတ်ဝင်စားနေကြောင်း သိရသည်။

ဘင်ဖီကာအသင်းသည် အသင်းနှင့် ၂၀၂၇ ခုနှစ်အထိ စာချုပ်သက်တမ်းရှိနေသည့် အန်တိုနီယိုဆေးလ်ဗားအတွက် ပေါင်သန်း ၅၀ အထိ အလိုရှိနေကြောင်း သိရသည်။ လီဗာပူးလ်အသင်းသည် အန်တိုနီယိုဆေးလ်ဗားအပြင် ဖီအိုရင်တီးနားကွင်း လယ်လူ အမ်မရာဘတ်ကိုပါ ခေါ်ယူလိုနေကြောင်း သိရှိရသည်။

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments