Monday, February 9, 2026
spot_img
spot_img

ဗီယက်နမ် မက်ဆီ ငုယင် ကွမ်ဟိုင် ကို ခေါ်ယူလိုက်တဲ့ လီဂူး 2 ကလပ် Pau

ပြင်သစ် ဒုတိယတန်း ကလပ် Pau အသင်းဟာ အရှေ့တောင် အာရှ ပရိသတ်တွေ နဲ့ ရင်းနှီးမှု ရှိပြီးသား ဖြစ်တဲ့ ဗီယက်နယ် ကစားသမား ငုယင်ကွမ်ဟိုင် ကို တရားဝင် ခေါ်ယူလိုက်ပြီ ဖြစ်ကြောင်း မနေ့က ကြေငြာလိုက်ပါတယ်။

Pau ဟာ သူ့ကို 2 နှစ် စာချုပ် ချုပ်ဆိုခဲ့တာပါ။ အဲဒီ သတင်းဟာ ဗီယက်နမ် ဘောလုံး လောက ကို အရှိန်ဟုန်ကောင်းကောင်း နဲ့ ရိုတ်ခတ်ပစ်လိုက်ပါတယ်။

အသက် 25 နှစ် အရွယ် တောင်ပံ ကစားသမား ယခင်က Hanoi FC မှာ ကစားခဲ့သူ ဖြစ်ပြီး ၊ ပြင်သစ် ကလပ် က ပေးလိုက်ရတဲ့ ပြောင်းရွှေ့ကြေးကို အတိအကျ မသိရပေမယ့် ၊ အများစုကတော့ အလွတ်ကြေး နဲ့ ရောက်ရှိလာတာ ဖြစ်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ငုယင် ကွမ်ဟိုင် ဟာ ပြင်သစ်ကို လာရောက် ကစားတဲ့ ပထမဆုံး ဗီယက်နမ် ဘောလုံးသမား အဖြစ် မှတ်တမ်း ဝင်သွားခဲ့ပါတယ်။

သူဟာ ကွင်းလယ် တိုက်စစ်နဲ့ တောင်ပံ တိုက်စစ်နေရာတွေမှာ အလျဉ်းသင့်သလို ပြောင်းကစားလေ့ရှိပြီး ၊ ဒေသတွင်း မီဒီယာတွေ ကတော့ ဗီယက်နမ် မက်ဆီ လို့ တင်စားထားသူ ဖြစ်ပါတယ်။ ဗီယက်နမ် လက်ရွေးစင် အသင်းကြီး အတွက်လဲ စုစုပေါင်း 44 ပွဲ ပါဝင် ကစားထားပြီးပါပြီ။

ပြင်သစ် သတင်းထောက်တွေ ကတော့ Pau ရဲ့ လုပ်ရပ် ဟာ စီးပွားရေးပိုင်းအရတော့ အများကြီး တွက်ချေကိုက်နေပြီ ဖြစ်တယ်လို့ အခိုင်အမာ ဆိုထားပါတယ်။

ယခင်က သူတို့ရဲ့ Facebook Official Page ဟာ Likes 57k သာ ရှိခဲ့ပေမယ့် ၊ ငုယင် ကွမ်ဟိုင် ကို ခေါ်ယူပြီး 48 နာရီ အတွင်း Likes 185 အထိ ထောင်တက်သွားခဲ့ပါတယ်။ ဒါ့အပြင် Facebook ပေါ်မှာ တရားဝင် ခေါ်ယူကြောင်း ထုတ်ပြန်တဲ့ စတေးတပ် က 178k Reactions ရှိခဲ့ကာ ၊ Shares 4.2k အထိ ရောက်ခဲ့ ပါတယ်။

ဒါကြောင့်မို့ အသင်းငယ်လေး ဖြစ်ပေမယ့် မားကက်တင်းပိုင်း အရ တော်တော်ကို ထိရောက်မှု ရှိနေတယ်လို့ ချီးကျူးနေကြပါတယ်။

တစ်ချိန်တည်းမှာ အရှေ့ အလယ်ပိုင်းက လိဂ် တွေကလဲ သူတို့ရဲ့ ပုံရိပ်ကို မြှင့်တင်နိုင်ဖို့ အတွက် အရှေ့တောင် အာရှ ဈေးကွက်က ထူးခွျှန် ကစားသမားတွေကို ရှာဖွေဖို့ ပြင်ဆင်လာနေကြပါတယ်။ ခြေစွမ်းပိုင်းထက် Marketing ပိုင်း အတွက်ပါ ထိရောက်မှုတွေ ရှိမယ် ဆိုရင် ဝယ်သင့်တဲ့ ဒေသ တစ်ခုလို့ ရှုမြင်နေကြပါတယ်။

ငုယင် ကွမ်ဟိုင် ဟာ ပြင်သစ် လီဂူး 2 မှာ ဘယ်လောက် အထိ အောင်မြင်မှု ရယူနိုင်မလဲ ဆိုတာတော့ စောင့်ကြည့်ရမှာပါ။

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments