ဘောလုံးသမားအေးဂျင့်တစ်ဦးဖြစ်သူ ကော်လာဆန်တိုဆိုသူက ပေါ့ဘာအနေဖြင့် ဗန်ဘက်စတန်ကို ဥပမာထားကာ ယခုရာသီအတွက် လစာမယူသင့်ကြောင်း ပြောကြားခဲ့သည်။

နယ်သာလန်ဂန္ထဝင် ဗန်ဘက်စတန်သည် အေစီမီလန်တွင် ကစားစဉ်က ဒူးဒဏ်ရာကြောင့် နားနေစဉ်အတွင်း လစာမယူခဲ့မှုမှာ ထင်ရှားခဲ့သည်။
ပေါ့ဘာသည် ယခုနွေတွင် ဂျူဗင်တပ်စ်ကို ပြန်လည်ရောက်ရှိလာပြီးကတည်းက ဒဏ်ရာကြောင့် တစ်ပွဲမျှမကစားရသေးပေ။

ထို့ကြောင့် ကော်လာဆန်တိုက ပေါ့ဘာအနေဖြင့် ဗန်ဘက်စတန်ကဲ့သို့ ပြုမူသင့်သည်ဟု ပြောကြားခဲ့ခြင်းဖြစ်သည်။






