Friday, January 16, 2026
spot_img
spot_img

ဖူလ်ဟမ်ကိုအနိုင်ရပြီးနောက် သူ့ရဲ့ယူနိုက်တက်အသင်းအပေါ် ဝေဖန်မှုတစ်ခုပြုလုပ်လိုက်တဲ့ တန်ဟက်

ဂါနာချိုရဲ့ ဖြတ်င်ပေးပို့မှုကနေ ပွဲဦးထွက်ကစားသမား ဇက်ခ်ဇီဟာ သရဲနီတို့အတွက် နောက်ကျအနိုင်ဂိုးကို သွင်းယူပေးခဲ့ပြီး အိုးထရက်ဖို့ဒ်ပရိသတ်ကြီးကို နှစ်သက်စေခဲ့ပါတယ်။

ဖူလ်ဟမ်တို့ကိုယ်တိုင် အခွင့်အရေးတွေရခဲ့ပေမယ့် ယူနိုက်တက်ကလည်း ဘရူနိုဖာနန်ဒက်စ်၊ မေဆင်မောင့် နဲ့ ဂါနာချို့တို့ရဲ့ ကန်ချက်တွေနဲ့အတူ အခွင့်အရေးကောင်းတွေရရှိခဲ့ပါတယ်။

တန်ဟက်ဟာ ယေဘူယျအားဖြင့် သူ့အသင်းရဲ့ပုံစံကို နှစ်သက်သော်လည်း နောက်ဆုံးတွင် ဇီကာဇီကို ထည့်သွင်းပြီးနောက် ပွဲကစားချိန် ၈၇ မိနစ်မှာ နယ်သာလန်သားက အသင်းအတွက် အနိုင်ဂိုးကို သွင်းယူပေးနိုင်ခဲ့ပါတယ်။

“ကျွန်တော်တို့က ပြိုင်ဘက်အသင်းကို ဖိအားတွေပေးထားပြီး အခက်အခဲတွေ အများကြီးဖြစ်စေခဲ့သလို အသင်းအတွက် အခွင့်အရေးတွေ အများကြီး ဖန်တီးနိုင်ခဲ့ပါတယ်”

“ကျွန်တော်တို့ စောစောစီးစီး ဂိုးသွင်းခဲ့သင့်ပါတယ်။ ဒါဟာ ကျွန်တော် အသင်းအတွက် တစ်ခုတည်းသော ဝေဖန်မှုပါ” လို့ တန်ဟက်က Sky Sports သို့ ပြောကြားခဲ့ပါတယ်။

ဇက်ခ်ဇီဟာ ကလပ်အသစ်အတွက် သူရဲကောင်းဖြစ်ပြီး သူနဲ့ လူစားဝင်ကစားသမား ဂါနာချိုတို့က ဂိုးအတွက် ချိတ်ဆက်သွင်းယူခဲ့တာက အသင်းအတွက် မည်မျှအရေးကြီးကြောင်း ပြသခဲ့တာကို တန်ဟက်က ကျေနပ်နေမိပါတယ်။

“လူစားတင်ကစားသမားတွေက အမြဲတမ်း အရမ်းအရေးကြီးပါတယ်။ ပထမပွဲမှာတင် လူစားဝင်မှုလုပ်ခဲ့ပြီး သူကအနိုင်ရရှိစေမယ့်ဂိုး သွင်းသွားတာကို တွေ့ရတာကောင်းပါတယ်။ ဒါက အသင်းရဲ့ လုပ်ငန်းစဉ်အတွက် အရမ်းကောင်းတယ်လို့ ထင်ပါတယ်။ လူစားတင်ကစားသမားတွေက မည်မျှအရေးကြီးတယ်ဆိုတာကို လူတိုင်းမြင်ကြပြီး သူတို့တွေက အသင့်ဖြစ်ရန် လိုအပ်ပါတယ်” လို့ တန်ဟက်က ပြောကြားခဲ့ပါတယ်။

ဇက်ခ်ဇီက သူ့ရဲ့ပွဲဦးထွက်ဂိုးအတွက် ပီတိဖြစ်ခဲ့ပြီး “ကျွန်တော့်ရဲ့ ပထမဆုံးအိမ်ကွင်းပွဲမှာ အနိုင်ရဖို့နဲ့ ဂိုးသွင်းယူနိုင်တာကြောင့် ဒီ့ထက်ပိုကောင်းနိုင်မှာ ရှိမှာမဟုတ်ပါဘူး” လို့ပြောခဲ့ပါတယ်။

Stretford End ရဲ့ ရှေ့မှာ ဂိုးသွင်းနိုင်ခဲ့တာနဲ့ ပက်သက်ပြီး “ယူနိုက်တက်မှာရှိတဲ့ အကောင်းဆုံး ခံစားချက် တစ်ခုပါပဲလို့ ပြောခဲ့ပါတယ်။ အရမ်း ကျေးဇူးတင်မိပါတယ် ပထမဆုံးပွဲမှာ ကြုံတွေ့ခဲ့ရပါတယ်။ ဒါဟာ အံ့သြစရာကောင်းတဲ့ ခံစားမှုတစ်ခုပါ” လို့ ပြောထားပါတယ်။

သောကြာညတွင် သရဲနီများအတွက် ပွဲဦးထွက်ခဲ့တာက ဇီကာဇီတစ်ဦးတည်း မဟုတ်ပါဘူး မာဇာရာဝီကလည်း ညာနောက်ခံလူနေရာမှ စတင်ပွဲထွက်လာကာ အပြည့်အဝကြံ့ခိုင်မှုမရှိထားသော်လည်း အသစ်ရောက်ရှိလာတဲ့ ကစားသမားကို တန်ဟက်က သဘောကျခဲ့တာဖြစ်ပါတယ်။

“ကျွန်တော်သူ့ကို ဒီလိုဆိုတာသိထားပါတယ်။ သူကအရမ်းကောင်းတဲ့နောက်ခံလူပါ။ ဒါပေမယ့် တိုက်စစ်ပိုင်းမှာလည်း အရမ်း ကောင်းမွန်ပါတယ်”

“သူက ရာနှုန်းပြည့် ကြံ့ခိုင်မှု ပြည့်ဝနေချိန်မှာ ဒီ့ထက်အများကြီး ပိုကောင်းအောင်လုပ်နိုင်ပေမယ့် သူ့ရဲ့ စွမ်းဆောင်ရည်ကို ကျွန်တော် အရမ်း ကျေနပ်မိပါတယ်။ သူက ၇၀ – ၇၅ မိနစ်လောက် ကစားပြခဲ့ပြီး ယခုတော့ သူရဲ့ကြံ့ခိုင်မှုကို တည်ဆောက်နေပြီဖြစ်ပါတယ်” လို့ တန်ဟက်က ပြောထားပါတယ်။

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments