Thursday, January 22, 2026
spot_img
spot_img

ဖူလ်ဟမ်ကိုသရေကျခဲ့တဲ့ပွဲမှာ လွမ်းဆွတ်မိတဲ့ကစားသမားနာမည်ကို အာတီတာ ထုတ်ဖော်ပြောကြား

အာဆင်နယ်အသင်းနည်းပြ အာတီတာက ဖူလ်ဟမ်ကိုသရေကျခဲ့တဲ့ပွဲမှာ ဂါဘရီရယ်ကို လွမ်းဆွတ်မိတယ်လို့ ဝန်ခံပြောကြားလိုက်ပါတယ်။ ဘရာဇီးသားဟာ ဒဏ်ရာကြောင့် အသင်းရဲ့လူစာရင်းထဲမှာတောင် မပါဝင်လာခဲ့တာဖြစ်ပြီး VAR ဖြစ်ရပ်ကြောင့် အာဆင်နယ်က ၁-၁ သရေသာရယူနိုင်ခဲ့ပါတယ်။

ဂါဘရီရယ်ဟာ ယူနိုက်တက်ကို ၂-၀ နဲ့အနိုင်ရခဲ့တဲ့ပွဲအပြီးကတည်းက အနားယူနေခဲ့ရတာဖြစ်ပါတယ်။ ဒါ့အပြင် ကာလာဖီအိုရီ ၊ ဘင်ဝှိုက် ၊ တိုမီယာဆု ၊ ဇင်ချန်ကိုတို့လည်း ဖူလ်ဟမ်နဲ့ပွဲမှာ မပါဝင်နိုင်ခဲ့တာဖြစ်ပါတယ်။ ပွဲအပြီးအင်တာဗျူးမှာ အာတီတာက ဂါဘရီရယ်ကို လွမ်းမိတယ်လို့ ဝန်ခံပြောကြားခဲ့ပါတယ်။

“ဟုတ်ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ ခီဗီယောနဲ့လည်း အဆင်ပြေခဲ့သလို သူလည်း အကောင်းဆုံးစွမ်းဆောင်ပြနိုင်ခဲ့ပါတယ်။ ခီဗီယော နဲ့ တင်းဘားတို့က အကောင်းဆုံးလုပ်နိုင်ခဲ့ပါတယ်။ ဒီနေ့ပွဲမတိုင်ခင် သူတို့အတူတူဘယ်ခြမ်းမှာ တွဲမကကစားဖူးကြပါဘူး။ ပါတေးကလည်း ညာနောက်ခံလူနေရာမှာ အဆင်ပြေခဲ့ပါတယ်။

Arsenal boss Arteta admitted he missed Gabriel during the draw with Fulham.

ဂျော်ဂျီကလည်း ဒီနေ့ပွဲမှာ အကောင်းဆုံးလုပ်ဆောင်နိုင်ခဲ့ပါတယ်။ အဲ့တာပါပဲ။ ဒီနေ့ပွဲမှာ ကစားသမားအချို့မပါဝင်နိုင်ခဲ့ပေမယ့် အသင်းစွမ်းဆောင်ပြခဲ့တာတွေနဲ့ပတ်သက်ပြီး ပျော်ပါတယ်။ လာမယ့်ချန်ပီယံလိဂ်ပွဲမှာတော့ ဇင်ချန်ကို ၊ ဂါဘရီရယ် နဲ့ ကာလာဖီအိုရီတို့ပြန်လာနိုင်ဖို့ မျှော်လင့်ပါတယ်။ ဒါပေမယ့် အဲ့တာက ဆရာဝန် နဲ့ ကြံ့ခိုင်ရေးနည်းပြတွေကို မေးရမှာပါ။

နောက်တန်းမှာ ကစားသမားတော်တော်များများဒဏ်ရာရနေပါတယ်။ ကောင်းတဲ့အရာကတော့ သူတို့ တုံ့ပြန်မှုပါ။ သူတို့ ကောင်းမွန်တဲ့အာရုံစိုက်မှု ၊ စွမ်းဆောင်ရည်နဲ့ ပြန်လည်တုံ့ပြန်ပါတယ်”လို့ အာတီတာက ပြောကြားခဲ့ပါတယ်။
အာဆင်နယ်ဟာ ဖူလ်ဟမ်နဲ့ပွဲရဲ့ ပွဲကစားချိန် ၈၉ မိနစ်မှာ အနိုင်ဂိုးရခဲ့ပေမယ့် မာတီနယ်လီ လူကျွံအနေအထားရောက်နေတာကြောင့် နစ်နာခဲ့ရပါတယ်။

“အဲ့တာက ခံစားရခက်ပါတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ အရမ်းပျော်နေတာပါ။ ဒီဖြစ်ရပ်ကို မေ့ပစ်ပြီး ဆက်သွားရပါမယ်။ ကျွန်တော်တို့ အနိုင်မရခဲ့ပေမယ့် အစကနေ အဆုံးသတ်အထိ ကျွန်တော်တို့အနိုင်ရလဒ်နဲ့ထိုက်တန်ခဲ့ပါတယ်”လို့ အာတီတာက ထပ်လောင်းပြောကြားခဲ့ပါတယ်။

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments