ရိုင်အိုလာ၊ ဂျော့ချ်မန်ဒက်စ်နှင့် ဂျိုနသန်ဘားနက်တို့ ဦးဆောင်နေသည့် ဘောလုံးအေးဂျင့်များက ဖီဖာအနေဖြင့် ၎င်းတို့အပေါ် မျှမျှတတပြုမူခြင်းမရှိပါက ဥပဒေကြောင်းအရ ရင်ဆိုင်ရန် အသင့်ရှိနေသည်ဟု သတိပေးခဲ့ကြောင်း သိရသည်။
ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(ဖီဖာ)သည် အေးဂျင့်များအတွက် ပေးချေရသည့် ငွေကြေးပမာဏကို ကန့်သတ်ထိန်းချုပ်သွားရန် စီစဉ်နေခြင်းကြောင့် အေးဂျင့်များက ယခုကဲ့သို့ သတိပေးခဲ့ခြင်းဖြစ်သည်။
ဂျိုနသန်ဘားနက်က “ကျွန်တော် တို့လိုချင်တာ မျှတမှုပါ။ ဖီဖာက ကျွန်တော်တို့ရဲ့ ဘောလုံးလောကအပေါ် အကျိုးပြုမှုကို အသိအမှတ်ပြုသင့်ပါတယ်။ ဘယ်ကစားသမားကမှ ကျွန်တော်တို့အတွက် ပေးရတဲ့ အေးဂျင့်ကြေးကို စောဒကတက်လေ့မရှိပါဘူး”ဟု ဆိုခဲ့သည်။
လက်ရှိတွင် အေးဂျင့်များအနေဖြင့် ကစားသမားအပေါ် သြဇာလွှမ်းမိုးမှုများ ရှိလာခြင်းနှင့် ပတ်သက်ပြီး ဥရောပထိပ်တန်းအသင်းများကလည်း စိုးရိမ်မှုများ ရှိနေကြောင်း သိရသည်။






