Thursday, January 22, 2026
spot_img
spot_img

ဖိအားတွေအောက်သို့ ရောက်နေတဲ့ ယူနိုက်တက်စတားဘက်ကနေ ကာကွယ် ပြောကြားလိုက်တဲ့ ဖာဒီနန်

ဆိုးရွားတဲ့ရာသီစတင်မှုကြောင့် ပရီးမီးယားလိဂ်ရဲ့ အဆင့် ၁၂ နေရာတွင် ရပ်တည်နေပြီး ယူနိုက်တက်တစ်သင်းလုံးဟာ ဝေဖန်ခြင်းခံနရတာလည်းဖြစ်ပါတယ်။
အင်းဆွစ်နှင့် ပထမဆုံးပွဲပြီးနောက် လုပ်စရာတွေအများကြီးရှိနေသေးတဲ့ နည်းပြသစ်အာမိုရင်ရောက်လာတဲ့အချိန်မှာ ပိုပြီး စောင့်ကြည့်ခြင်းကိုခံနေရတာဖြစ်ပါတယ်။
ပေါ့မန်းရုတ်မှာ သူ့ရဲ့အသင်းက ကောင်းကောင်းကစားခဲ့သော်လည်း ၁-၁ ဂိုးဖြင့်သာ ပွဲပြီးဆုံးခဲ့ကာ အိုနားနားရဲ့ ကာကွယ်မှုတွေအတွက် ကျေးဇူးတင်ရမှာဖြစ်ပါတယ်။
တောင်ပံခံစစ်မှူးအဖြစ် အာမက်ဒီယာလိုက ခြေစွမ်းပြကစားခဲ့ပေမယ့် နောက်ထပ်လူငယ်ကစားသမားတစ်ဦးဖြစ်တဲ့ ဂါနာချိုကတော့ ကောင်းကောင်းမကစားနိုင်ခဲ့ပါဘူး။
ဒီရာသီမှာ ၁၉ ပွဲမှာ ၇ ဂိုးသွင်းယူထားတဲ့ ဂါနာချိုဟာ ယူနိုက်တက်ရဲ့ သွင်းဂိုးအများဆုံးကစားသမားဖြစ်နေပေမယ့် တိုက်စစ်မှူးရဲ့နောက်မှာ ကွင်းလယ်တိုက်စစ်မှူးနှစ်ဦးက ကစားရတဲ့ အမ်မိုရင်ရဲ့ကစားကွက်မှ အံ့မဝင်မှာကို စိုးရိမ်စရာဖြစ်နေပါတယ်။
Rio Ferdinand Presents တွင် အာဂျင်တီးနားသားနှင့်ပတ်သက်ပြီး ယူနိုက်တက်ပရိသတ်ဖြစ်သူ စတီဖန်ဟော်ဆင်က “ဂါနာချိုရဲ့ဆုံးဖြတ်ချက်ပိုင်းက လွဲနေပြီး ဒါကတော့ တော်တော်ဆိုးပါတယ်”
“ဒီပုံစံအတိုင်းသွားမယ်ဆိုရင် သူဟာ အသင်းရဲ့ပွဲထွက်လူစာရင်းကနေ ချန်လှပ်ခြင်းခံရနိုင်ပြီး ရှေ့ ၃ ဦးမှာ အာမက်၊ ဖာနန်ဒက်စ်နှင့် ဟွိုက်လန်းတို့ကသာ ရွေးချယ်ခံသွားရနိုင်ပါတယ်” လို့ ပြောပါတယ်။

Manchester United currently sit 12th in the Premier League


ဖာဒီနန်ကတော့ လူငယ်ကစားသမားလေးကို အကြိမ်ကြိမ် ကာကွယ်ပြောဆိုခဲ့ပြီး “ဂါနာချိုကို ဒီလိုကြီးတော့ မပြောပါနဲ့။ ခင်များလည်း ပြည့်စုံတဲ့သူမဟုတ်သလို သူက အခုမှ အသက်ငယ်ပါသေးတယ်”
“ဂါနာချိုသာ မပါဘူးဆိုရင် ဘယ်သူကမှ နောက်သို့ ပြန်ပြေးနိုင်မှာ မဟုတ်ပါဘူး။ ကျွန်တော်ကတော့ ဂါနာချိုကို ဘယ်အခြမ်းမှာသာ ကစားစေချင်ပါတယ်”
“ဒီလိုလုပ်ဆောင်မှုမှာ စပို့တင်းရဲ့လက်ရှိပုံစံလိုမျိုး သူတို့တွေဆီကနေ မျှော်လင့်လို့တော့ မရပါဘူး။ ဒါဟာ မဖြစ်နိုင်ပါဘူး” လို့ ပြောထားပါတယ်။
ဂိုးသွင်းသလို ဖန်တီးမှုတွေ ပြုလုပ်ထားပေမယ့် ဂါနာချိုဟာ ဝေဖန်ခြင်းခံနေရပြီး ယူရိုပါလိဂ်ပွဲစဉ်မတိုင်မီ အိုးထရက်ဖို့ဒ်ပြင်ပမှာလည်း ပရိသတ်တစ်ဦးနဲ့ ထိပ်တိုက်တွေ့ခဲ့ပါသေးတယ်။
လက်စတာနှင့်ပွဲမှာ ဂိုးသွင်းပြီးနောက် အောင်ပွဲခံခြင်းမရှိခဲ့ဘဲ ဖာဒီနန်ကတော့ လူငယ်ကစားသမားလေးဟာ အဆိုပါအဖြစ်အပျက်ပြီနောက် ခံစားနေရတယ်လို့ ပြောထားပါတယ်။
ယူနိုက်တက်ဂန္တဝင် ရွိုင်းကိန်း နှင့် တိုက်စစ်မှူးဟောင်း ထရွိုင်ဒီနီ တို့က သဘောကျမှု မရှိခဲ့ဘဲ “အခုခေတ် ကစားသမား တွေက ဘယ်လိုပုံစံမျိုး ဖြစ်နေတာလဲ၊ သူတို့ရဲ့ အသားအရေက အရမ်းပိန်လို့ လူကြီးလူကောင်း တစ်ယောက်က သူ ပြောချင်တာကို ပြောနိုင်သလို လူတိုင်းကလည်း စိတ်ကောက်တတ်ပါတယ်”
“ဒုတိယအနေနဲ့ သူဒီလိုထိခိုက်ခံရရင် ကျွန်တော်က အသက်ကြီးတဲ့ ပရော်ဖက်ရှင်နယ်ကစားသမားဟောင်း တစ်ဦးအနေနဲ့ ဒီဘောလုံးပွဲက မင်းအတွက်လို့ မထင်ပါဘူးလို့ ပြောချင်ပါတယ်” လို့ ပြောထားပါတယ်။
ဂါနာချိုဟာ ကြာသပတေးနေ့ ယူရိုပါလိဂ်တွင် ယူနိုက်တက်အတွက် ကစားပေးတဲ့အခါမှာ သူ့အပေါ်သံသယဝင်မှုတွေကို နှုတ်ပိတ်သွားစေရန် အခွင့်အရေးရှိမှာ ဖြစ်ပါတယ်။

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments