Saturday, February 7, 2026
spot_img
spot_img

ဖိလစ်ပိုင်ဆီးဂိမ်းစ်တွင် Super-Sub အဖြစ် ခြေစွမ်းပြခဲ့သည့် တိုက်စစ်မှူး ဝင်းနိုင်ထွန်းကို ဧရာဝတီအသင်း ခေါ်ယူ

ဧရာဝတီယူနိုက်တက်အသင်းသည် ၂၀၁၉ ဖိလစ်ပိုင်ဆီး ဂိမ်းစ်ပြိုင်ပွဲတွင် Super-Sub အဖြစ် ခြေစွမ်းပြခဲ့သည့် မြန်မာ ယူ-၂၂ အသင်း၏ ရတနာပုံတိုက်စစ်မှူး ဝင်းနိုင်ထွန်းကို ခေါ်ယူလိုက်ပြီဖြစ်ကြောင်း သိရသည်။

ဝင်းနိုင်ထွန်းသည် မြန်မာဘောလုံးအကယ်ဒမီမှ ထွက်ပေါ်လာသူဖြစ်ပြီး ၂၀၁၇ ခုနှစ်တွင် ရတနာပုံအသင်းသို့ရောက်ရှိ ခဲ့ကာ ထိုက်သင့်သည့် စွမ်းဆောင်ရည်ကောင်းများ ပြသနိုင်ခဲ့သူဖြစ်သည်။

ဝင်းနိုင်ထွန်းသည် ယူ-၁၆၊ ယူ-၁၈၊ ယူ-၁၉၊ ယူ-၂၁၊ ယူ-၂၂ စသည့် သက်တမ်းအလိုက် လူငယ်လက်ရွေးစင်အသင်းများတွင် ပါဝင်ကစားခဲ့သူဖြစ်ပြီး နောက်ဆုံးပါဝင်ကစားခဲ့သည့် ၂၀၁၉ ဆီးဂိမ်းစ်ပြိုင်ပွဲတွင် ကြေးတံဆိပ်ဆုရရှိခဲ့သည်။

ဝင်းနိုင်ထွန်းနှင့် ရတနာပုံအသင်းတို့ချုပ်ဆိုထားသည့် စာချုပ်သက်တမ်းမှာ ဒီဇင်ဘာလကုန်က ကုန်ဆုံးခဲ့ပြီး စာချုပ်သက်တမ်းတိုးရန် ညှိနှိုင်းမှုအဆင်မပြေသောကြောင့် ဧရာဝတီအသင်းသို့ ပြောင်းရွှေ့ခဲ့ခြင်းဖြစ်သည်။

ဝင်းနိုင်ထွန်းသည် ပြည်ပကလပ်အသင်းများတွင် သွားရောက်ကစားရန် ဆန္ဒရှိနေသောကြောင့် ဧရာဝတီအသင်းနှင့် တစ်ရာသီ စာချုပ်ချုပ်ဆိုထားပြီး ရာသီကုန်မှသာ ၎င်း၏အနာဂတ်နှင့်ပတ်သက်၍ ပြန်လည်ဆုံးဖြတ်မည်ဖြစ်သည်။

ဝင်းနိုင်ထွန်းသည် ဖိလစ်ပိုင်ဆီးဂိမ်းစ်ပြိုင်ပွဲတွင် ပွဲထွက်ခွင့်မရသော်လည်း လူစားဝင်ကစားသမားအဖြစ် ခြေစွမ်းပြခဲ့သူဖြစ်ပြီး ဖိလစ်ပိုင်အသင်းနှင့် အုပ်စုပွဲ၊ အင်ဒိုနီးရှားအသင်းနှင့် ဆီမီးဖိုင်နယ်ပွဲတို့တွင် (၁)ဂိုးစီ သွင်းယူနိုင်ခဲ့သည်။

ဧရာဝတီအသင်းသည် လာမည့်ရာသီအတွက် ပြင်ဆင်မှု များစွာပြုလုပ်လျက်ရှိပြီး ပြည်ပကစားသမား (၂)ဦးအပါအဝင် ပြည်တွင်းနာမည်ကြီးကစားသမားများဖြစ်သည့် ဝင်းနိုင်ထွန်း၊ သီဟထက်အောင်၊ သန်းထက်အောင်၊ အောင်နိုင်ဝင်းတို့ကိုလည်း ခေါ်ယူထားသည်။ ဧရာဝတီအသင်းသည် ပြီးခဲ့သည့်ရာသီတွင် အမှတ်ပေးပြိုင်ပွဲ၌ ဒုတိယဆု ရယူနိုင်ခဲ့သည်။

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments