Thursday, January 22, 2026
spot_img
spot_img

ပွဲပြီးကာနီး လူစားလဲခဲ့ရတဲ့ နောက်ခံလူ ဂါဘရီရယ်ရဲ့ဒဏ်ရာအခြေအနေကို အသိပေးပြောကြားလာတဲ့ အာတီတာ

အာဆင်နယ်နည်းပြ မီးခေးလ်အာတီတာက ယမန်နေ့ညက စပို့တင်းလစ္စဘွန်းကို ၁-၅ နဲ့ဂိုးပြတ်အနိုင်ရခဲ့တဲ့ပွဲစဉ်အတွင်း ပွဲပြီးကာနီး ၆ မိနစ်အလိုမှာ ဒဏ်ရာရရှိပြီး လူစားလဲခဲ့ရတဲ့ ဗဟိုခံစစ်မှူး ဂါဘရီရယ်မက်ဂါဟေးစ်ရဲ့ အခြေအနေကို အသိပေးပြောကြားလာခဲ့ပါတယ်။
ယခုရာသီတစ်လျှောက်လုံး အာဆင်နယ်ရဲ့နောက်တန်းမှာ တောက်လျှောက်ပုံစံကောင်းပြသထားနိုင်တဲ့ ဂါဘရီရယ်ဟာ ယခုပွဲစဉ်မှာလည်း အသင်းအတွက် တတိယမြောက်သွင်းဂိုးကို ပထမပိုင်းပြီးဆုံးကာနီးအချိန်ပိုမှာ သွင်းယူပေးနိုင်ခဲ့ပါတယ်။ အာတီတာအနေနဲ့ တောင်ပံကစားသမား ရာဟင်းမ်စတာလင်ကို ထည့်သွင်းဖို့ကြိုးစားခဲ့ပေမယ့် ဂါဘရီရယ်ဒဏ်ရာရသွားတာကြောင့် ကီဝီအောကိုသာ လူစားဝင်ရောက်စေခဲ့ပါတယ်။
ပွဲအပြီးမှာ အာတီတာက “ကျွန်တော်တို့ သူအဆင်ပြေလား၊ မပြေလား မသိရသေးပါဘူး။ သက်တောင့်သက်သာမဖြစ်ဘူးလို့တော့ သူကပြောပါတယ်။ ပထမက ကျွန်တော်စတာလင်ကို လူစားလဲဝင်ရောက်ကစားစေဖို့ပါပဲ။ ဒါပေမယ့် ဂါဘရီရယ်ဒဏ်ရာရသွားတော့ သူ့ကိုထည့်လို့မရတော့လို့ ကီဝီအောကိုပဲ ထည့်လိုက်ရပါတယ်” လို့ပြောကြားခဲ့ပါတယ်။

Arteta updates on Gabriel’s injury after he was substituted late in the match


လာမယ့်စနေနေ့မှာတော့ အာဆင်နယ်ဟာ ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် ဝက်စ်ဟမ်းနဲ့ယှဉ်ပြိုင်သွားရမှာဖြစ်ပြီး အဆိုပါပွဲစဉ်မှာ ဂါဘရီရယ်အနေနဲ့ ပါဝင်နိုင်ဖို့ မျှော်လင့်နေမှာဖြစ်ပါတယ်။ ယခု စပို့တင်းလစ္စဘွန်းနဲ့ပွဲစဉ်မှာ ဥရောပအဝေးနိုင်ပွဲပြန်လည်ရရှိခဲ့တဲ့ အာဆင်နယ်ဟာ ၂၀၀၈ ခုနှစ်နောက်ပိုင်း ချန်ပီယံလိဂ်အဝေးကွင်းပွဲစဉ်မှာ ပထမဆုံးအကြိမ်အဖြစ် ၅ ဂိုးအထိ ပြန်လည်သွင်းယူနိုင်ခဲ့တာလည်းဖြစ်ပါတယ်။
ဆက်လက်ပြီး အာတီတာက “ကျွန်တော်အရမ်းကျေနပ်ပါတယ်။ ခက်ခဲတဲ့ပြိုင်ဘက်ဆီကနေ ရရှိခဲ့တဲ့ ကြီးမားတဲ့ ရလဒ်ပါပဲ။ ဒီလိုအခြေအနေမျိုးအထိ ကျွန်တော်တို့ မျှော်လင့်ထားခဲ့ပါတယ်။ ပွဲမစခင်ကတည်းက နိုင်ပွဲရရှိမယ်လို့ ယုံကြည်နေခဲ့တာပါ။ ပထမပိုင်းခြေစွမ်းက အတော်လေး အားရကျေနပ်စရာပါပဲ။ ကစားသမားတွေအားလုံး အရမ်းတော်ခဲ့ကြပါတယ်။ ချေပဂိုးတစ်ဂိုးပြန်လည်ခွင့်ပြုလိုက်ရချိန်မှာလည်း အသင်းက အကောင်းဆုံးပုံစံနဲ့ ပြန်လည်တုံ့ပြန်ခဲ့ပါတယ်။ ကြီးမားတဲ့အရာတွေကို စိန်ခေါ်ချင်ရင် ဒီလိုမျိုး တသမတ်တည်းရှိတဲ့ခြေစွမ်းမျိုးကို တောက်လျှောက်ထိန်းသိမ်းထားနိုင်ဖို့လိုပါတယ်” လို့ထပ်လောင်းပြောကြားခဲ့ပါတယ်။

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments