Wednesday, February 11, 2026
spot_img
spot_img

ပွဲပယ်ပြစ်ဒဏ်ကျခံနေရသည့် ဘရန့်ဖို့ဒ်တိုက်စစ်မှူး အိုင်ဗန်တိုနေးကိုခေါ်ယူရန် အာဆင်နယ်အသင်းစိတ်ဝင်စားနေ

အာဆင်နယ်အသင်းသည် ပွဲပယ်ပြစ်ဒဏ်ကျခံနေရသည့် ဘရန့်ဖို့ဒ်တိုက်စစ်မှူး အိုင်ဗန်တိုနေးကို ခေါ်ယူရန် စိတ်ဝင်စားနေကြောင်း သိရသည်။ 

တိုနေး (၂၇ နှစ်)သည် FA မှချမှတ်ထားသည့် လောင်းကစားစည်းမျဉ်းကို ချိုးဖောက်မှုဖြင့် ဘောလုံးနှင့်ပတ်သက်ခွင့် ရှစ်လပိတ်ပင်ခံထားပြီး ၂၀၂၄ ဇန်နဝါရီ (၁၈) ရက်တွင် ပြန်ကစားခွင့်ရမည်ဖြစ်သည်။ 

အာဆင်နယ်အသင်းသည် အားနည်းနေသည့် တိုက်စစ်ပိုင်းအတွက် တိုနေးကို ဇန်နဝါရီတွင်ခေါ်ယူရန် ပစ်မှတ်ထားနေခြင်းဖြစ်သည်။ တိုနေးကို ခေါ်ယူရန် မန်ယူနှင့် စပါး အသင်းတို့ကလည်း ပစ်မှတ်ထားနေပြီး ဘရန်ဖို့ဒ်က ၎င်းအတွက် ပေါင် သန်း ၈၀ အထိ အလိုရှိနေကြောင်း သိရသည်။ 

အသက် ၂၇ နှစ်ရှိပြီဖြစ်သူ တိုနေးသည် ဘရန့်ဖို့ဒ်အသင်းတွင် ၂၀၂၀ ပြည့်နှစ်မှ စတင်ကစားခဲ့ပြီး ပြိုင်ပွဲစုံ ပွဲပေါင်း ၁၂၄ ပွဲကစားခဲ့ရာ၌ ၆၈ ဂိုးအထိ သွင်းယူပေးခဲ့သည်။

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments