Saturday, February 7, 2026
spot_img
spot_img

ပွဲကစားခွင့်နှင့် လေ့ကျင့်ခန်းဆင်းခွင့် ပိတ်ပင်ခံထားရသည့် ဆန်ချိုကို မန်ယူအသင်း ထပ်မံအရေးယူမှုများ ပြုလုပ်

မန်ယူအသင်းသည် အသင်းကြီးအတွက် ပွဲကစားခွင့်နှင့် လေ့ကျင့်ခန်းဆင်းခွင့် ပိတ်ပင်ထားသည့် တောင်ပံကစားသမား ဆန်ချိုကို ထပ်မံအရေးယူမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ဆန်ချိုသည် နည်းပြ တန်ဟက်ဂ်ကို လူမှုကွန်ရက်တွင် လူသိရှင်ကြား ဝေဖန်တိုက်ခိုက်ပြီးနောက် တောင်းပန်ခြင်းမရှိသဖြင့် အသင်းကြီးလူစာရင်းမှ ချန်လှပ်ခံထားရပြီး အကယ်ဒမီအသင်းများနှင့် လေ့ကျင်ခန်းဆင်းစေခဲ့ခြင်းဖြစ်သည်။ ယခုအခါတွင်မူ  လေ့ကျင့်ရေးကွင်းတွင် အသင်းကြီး၏စားသောက်ခန်းအပါအဝင် အဆောင်အယောင်များ အသုံးပြုခွင့်ကို ထပ်မံပိတ်ပင်လိုက်ပြီ ဖြစ်ကြောင်း Mirroe သတင်းစာက ဖော်ပြခဲ့သည်။ 

မန်ယူအသင်းကြီးကစားသမားများသည် အတူတကွ စားသောက်လေ့ရှိပြီး ယခုပြစ်ဒဏ်အရ ဆန်ချိုမှာမူ လူငယ်အသင်းများမှ ကစားသမားများနှင့်သာ စားသောက်ရမည် ဖြစ်ကြောင်း သိရသည်။ ထို့ကြောင့် ဆန်ချို အနေဖြင့် အသင်းအား ဝန်ချတောင်းပန်ပြီး မှားယွင်းခဲ့ကြောင်း ဝန်ခံမှသာ အသင်းလူစာရင်း၌ ပြန်လည်ပါဝင်နိုင်တော့မည်ဖြစ်သည်ဟု ယင်းသတင်းတွင် ဖော်ပြခဲ့သည်။ 

ပရော်ဖက်ရှင်နယ်ဘောလုံးသမားများအဖွဲ့အစည်း (PFA) သည် ဆန်ချိုနှင့် နည်းပြ တန်ဟက်ဂ် အကြားပြဿနာကို ကြားဝင်ဖြေရှင်ပေးရန် စက်တင်ဘာ ၂၆ ရက်က ကမ်းလှမ်းခဲ့ကြောင်း သိရသည်။ မန်ယူအသင်းသည် ဆန်ချိုကို သင့်တော်သည့်ကမ်းလှမ်းမှု ရှိလာခဲ့လျှင် ရောင်းထုတ်သွားရန် စဉ်းစားနေကြောင်း Mirror က ရေးသားခဲ့သည်။ 

မန်ယူအသင်းနည်းပြဟောင်း မော်ရင်ဟိုသည် ဆန်ချိုကို ခေါ်ယူရန် စိတ်ဝင်စားနေပြီး အခြေအနေကို စောင့်ကြည့်နေလျက်ရှိသည်ဟု အဆိုပါသတင်းတွင် ဖော်ပြခဲ့သည်။

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments