Thursday, January 22, 2026
spot_img
spot_img

ပြီးခဲ့သည့်ရာသီ ဘဏ္ဍာရေးနှစ်တွင် မန်စီးတီးအသင်း စံချိန်တင်ဝင်ငွေအဖြစ် ပေါင် (၆၁၃)သန်းအထိ ရရှိခဲ့ကြောင်း ထုတ်ပြန်

ပရီးမီးယားလိဂ်ချန်ပီယံ မန်စီးတီးအသင်းသည် ပြီးခဲ့သည့် ၂၀၂၁-၂၂ ရာသီအတွက် ဘဏ္ဍာရေးနှစ်ချုပ်စာရင်းကို ထုတ်ပြန်ကြေညာခဲ့ရာ စံချိန်တင်ဝင်ငွေအဖြစ် ပေါင် (၆၁၃)သန်းအထိ ရရှိခဲ့ပြီး၊ အမြတ်ငွေအနေဖြင့်လည်း စံချိန်တင်အမြတ်ငွေ ပေါင် (၄၁.၇၃)သန်းအထိ ရရှိခဲ့ကြောင်း သိရှိရသည်။

မန်စီးတီးအသင်း၏ ဝင်ငွေမှာ ကလပ်အသင်းသမိုင်းတစ်လျှောက် အမြင့်ဆုံးစံချိန်တင်နိုင်ခဲ့ခြင်းဖြစ်သလို အင်္ဂလိပ်ကလပ်အသင်းများ၏ သမိုင်းတွင်လည်း ၂၀၁၉ ခုနှစ်က မန်ယူ အသင်း ရရှိခဲ့သည့် ဝင်ငွေ ပေါင် (၆၇၉) သန်းအပြီးတွင် ဒုတိယအမြင့်ဆုံး တစ်နှစ်တာဝင်ငွေအဖြစ် ရပ်တည်နို်င်ခဲ့ကြောင်း သိရှိရသည်။

မန်စီးတီးအသင်းသည် ကိုဗစ်ကပ်ဘေး ကြောင့် ကွင်းပိတ်ပွဲစဉ်အများအပြား ယှဉ်ပြိုင်ကစားခဲ့ရသည့် ယင်းမတိုင်မီရာသီ၏ ဝင်ငွေထက် ပေါင် (၄၃.၂)သန်း ပိုမိုများပြားခဲ့ခြင်းလည်းဖြစ်ပြီး ကွင်းဝင်ကြေးငွေ တိုးလာခြင်းက အသားတင် အမြတ်ငွေကဲ့သို့ ဖြစ်ခဲ့ သည်။

၁-၇-၂၀၂၁ မှ ၃၀-၆-၂၀၂၂ တွင် အဆုံးသတ်ခဲ့သည့် ဘဏ္ဍာရေးနှစ်တွင် ယင်းကာလအတွင်း မန်စီးတီးအသင်းသည် ကစားသမားရောင်းချမှုမှ ပေါင် (၆၇.၆)သန်း ရရှိခဲ့ပြီး လာမည့်နှစ်တွင်လည်း ကစားသမား ရောင်းချမှုများမှ ဝင်ငွေများစွာ

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments