Wednesday, January 14, 2026
spot_img
spot_img

ပြီးခဲ့သည့်ရာသီက ပေါင် (၁၂၁)သန်း အရှုံးပေါ် ပြီးနောက် လာမည့်နွေတွင် အသင်းကစားသမားများစွာကို ချယ်လ်ဆီး ရောင်းထုတ်ဖွယ်ရှိနေ

ချယ်လ်ဆီးအသင်းသည် ပြီးခဲ့သည့် ၂၀၂၁-၂၂ ရာသီက ပေါင် (၁၂၁) သန်း အရှုံးပေါ် ခဲ့ပြီးနောက် လာမည့်နွေရာသီအပြောင်းအရွှေ့ကာလတွင် ဘဏ္ဍာရေးစည်းမျဉ်းနှင့် ကိုက်ညီစေရန်အတွက် အသင်းကစားသမားများစွာကို ရောင်းထုတ်ရဖွယ်ရှိနေကြောင်း ဗြိတိန်သတင်းစာ Daily Mail က ဖော်ပြခဲ့သည်။

ပြီးခဲ့သည့် ၂၀၂၁-၂၂ ရာသီတွင် COVID-19 ကပ်ဘေးရိုက်ခတ်မှုကြောင့် အသင်းများစုမှာ အရှုံးပေါ်ခဲ့ကြပြီး ချယ်လ်ဆီးအသင်းမှာ ပေါင်(၁၂၁)သန်းအထိ အရှုံးပေါ်ခဲ့ကြောင်း သိရှိရသည်။

ပြီးခဲ့သည့် ၂၀၂၀-၂၁ ရာသီနှင့်ပေါင်းလျှင် ချယ်လ်ဆီးအသင်းအနေဖြင့် နောက်ဆုံး (၂) ရာသီအတွင်း ပေါင် (၂၇၄) သန်းအထိ စံချိန်တင် အရှုံးပေါ် ခဲ့ခြင်းဖြစ်သည်။

ချယ်လ်ဆီးအသင်းသည် အသင်းပိုင်ရှင်သစ် တော့ဒ်ဘိုလီလက်ထက်တွင် အပြောင်းအရွှေ့ကာလ(၂) ခုအတွင်း ကစားသမားသစ်ခေါ်ယူမှုအတွက် ပေါင်သန်း (၅၀၀) အထိ အသုံးပြုထားသည်။ ယင်းသုံးငွေများမှာ ယခုရာသီဘဏ္ဍာနှစ်အတွက် အကျုံးဝင်မည်ဖြစ်ကြောင်း သိရှိရသည်။

ထို့ကြောင့် ချယ်လ်ဆီးအသင်းအနေဖြင့် ဘဏ္ဍာရေးသာတူညီမျှစည်းမျဉ်းနှင့် ကိုက်ညီရန်အတွက် လာမည့်နွေရာသီအပြောင်းအရွှေ့ကာလတွင် အသင်းကစားသမားများစွာကို ရောင်းထုတ်ရဖွယ်ရှိနေကြောင်း Daily Mail က ဖော်ပြခဲ့သည်။

ပြီးခဲ့သည့်အပြောင်း အရွှေ့ကာလ (၂)ခုအတွင်း ချယ်လ်ဆီးအသင်းသည် ကစားသမား (၁၉) ဦးအထိ ခေါ်ယူခဲ့ပြီး အသင်းတွင် ကစားသမားများပြားနေခြင်းကြောင့် နေရာမရသည့် ကစားသမားများမှာ မပျော်မရွှင်ဖြစ်နေကြကြောင်း သိရှိရသည်။

ချယ်လ်ဆီးအသင်းသည် အသင်းတွင် အဆင်မပြေဖြစ်နေသည့် မန်ဒီ၊ ပူလီဆစ်နှင့် ဇီယာ့ရှ်တို့ကို လာမည့်နွေ၌ ရောင်းထုတ်ရန် စီစဉ်လျက်ရှိကြောင်း သိရသည်။

ပရီးမီးယားလိဂ်အနေဖြင့် ကလပ်အသင်းတစ်သင်းလျှင် နောက်ဆုံး (၃) ရာသီအတွင်း အများဆုံး ပေါင် (၁၀၅)သန်းသာ အရှုံးပေါ်ခွင့်ပေးထားပြီး လက်ရှိတွင် COVID-19 ကပ်ဘေးကြောင့် ဖြေလျှော့ပေးထားကြောင်း သိရသည်။ ချယ်လ်ဆီးအသင်းသည် နောက်ဆုံး(၃)ရာသီအတွင်း ပေါင် (၂၄၂)သန်း အရှုံးပေါ်ထားကြောင်း သိရသည်။

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments