Tuesday, January 13, 2026
spot_img
spot_img

ပြီးခဲ့သည့်ရာသီက ချယ်လ်ဆီးအသင်း ကျဆုံးမှုအတွက် ကစားသမားဟောင်းများကို ရီးစ်ဂျိမ်းစ် အပြစ်တင်

ချယ်လ်ဆီးနောက်ခံလူ ရီးစ်ဂျိမ်းစ်သည် ပြီးခဲ့သည့်ရာသီက အသင်းကျဆုံးမှုများအတွက် ယခုနွေတွင် အသင်းမှထွက်ခွာသွားခဲ့ကြသည့် အသင်းဖော်ဟောင်းများကို ပြစ်တင်ပြောကြားခဲ့သည်။ 

ချယ်လ်ဆီးအသင်းသည် ပြီးခဲ့သည့်ရာသီ ပရီးမီးယားလိဂ်တွင် ရမှတ် (၄၄) မှတ်သာရရှိခဲ့ပြီး အဆင့် (၁၂) နေရာ ရပ်တည်ခဲ့ရာ အသင်း၏ပရီးမီးယားလိဂ်ပြိုင်ပွဲသမိုင်းတွင် ဒုတိယမြောက် အဆိုးရွားဆုံးဖြစ်ခဲ့သည်။ 

ထို့ပြင် ချယ်လ်ဆီးအသင်းသည် ပြီးခဲ့သည့်ရာသီက တူဟယ်လ်၊ ဂရေဟမ်တေလာတို့ကို နည်းပြရာထူးမှထုတ်ပယ်ခဲ့ပြီး အသင်းကစားသမားဟောင်း လမ်းပတ်ကို ယာယီနည်းပြအဖြစ် တာဝန်ပေးခဲ့ရသည်အထိ အခြေအနေဆိုးရွားခဲ့သည်။

ယခုနည်းပြသစ် ပိုချက်တီနိုလက်ထက်တွင် ကစားသမားများကိုရောင်းထုတ်နေပြီး မေဆန်မောင့်၊ ဟာဗက်ဇ်၊ ကိုဗာဆစ်၊ အူဘာမီယန်း၊ ပူလီဆစ်အပါအဝင် ပထမအသင်းကစား သမား (၁၃) ဦးအထိ အသင်းပြောင်းရွှေ့သွားကြသည်။  


ရိးစ်ဂျိမ်းစ်က “ပြီးခဲ့တဲ့ရာသီက ကျွန်တော့်ရဲ့ကစားသမားဘဝတစ်လျှောက် အခက်ခဲဆုံးရာသီပါပဲ။ အပြောင်းအလဲတွေ အများကြီးလုပ်ခဲ့တာကြောင့်လည်း ခက်ခဲခဲ့ပါတယ်။ တချို့ကစားသမားတွေက အသင်းမှာ နေရာမရတာကို နေရာပြန်ရဖို့ မကြိုးစားဘဲ ထွက်ချင်နေခဲ့ကြတာပါ။ ဒါကြောင့် ကျွန်တော်တို့ခက်ခဲပြီး ဆိုးရွားတဲ့ရာသီနဲ့ ကြုံတွေ့ခဲ့ရတာပါ။ အခုတော့ စာမျက်နှာသစ် စတင်ပါပြီ။ ကျွန်တော်တို့အနေနဲ့ ရာသီသစ်မှာ အကောင်းဆုံးစွမ်းဆောင်နိုင်ဖို့ မျှော်လင့် ထားပါတယ်”ဟု ပြောကြားခဲ့သည်။ 

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments