Wednesday, January 14, 2026
spot_img
spot_img

ပြင်သစ်လီဂူး ပွဲစဉ် (၂၈) ပွဲကြိုသုံးသပ်ချက်

လန်းစ် နှင့် လူအယ်ဗာ (မြန်မာစံတော်ချိန် ည ၆း၃၀)

ဒီပွဲကလည်း လန်းစ်အသင်းရဲ့ ဥရောပဝင်ခွင့်တစ်နေရာအတွက် အရေးပါနေပါတယ်။ လူအယ်ဗာက တန်းဆင်းဇုန်အန္တ ရာယ်ကြောင့် ရုန်းကန်လာနိုင်ပေမယ့် အဝေးကွင်းမှာယှဉ်ဖို့ခက်မှာပါ။ လန်းစ်ပဲနိုင်ပွဲပြန်ယူပါလိမ့်မယ်။

PSG နှင့် ကလယ်မွန့်

ဇယားထိပ်ဆုံးက လက်ရှိချန်ပီယံ PSG နဲ့ ဇယားအောက်ဆုံးက ကလယ်မွန့်တို့ ထိပ်တိုက်တွေ့ဆုံတဲ့ပွဲဆိုပေမယ့် PSG အတွက်မထင်မှတ်ဘဲ ခက်ခဲသွားနိုင်တဲ့ပွဲမျိုးပါပဲ။ PSG က လက်ရှိမှာ ချန်ပီယံဆုအတွက် ဖိအားကြီးကြီးမားမားမရှိသလို၊ ချန်ပီယံလိဂ်လည်း ကစားရဖို့ရှိနေလို့ အခုလိုအိမ်ကွင်းပွဲမျိုးမှာ လူစုံထုတ်ပါ့မလား စောင့်ကြည့်ရပါမယ်။ ဒါ့ပြင် ကလယ်မွန့်အနေနဲ့ အစဉ်အလာအရ PSG ကို ယှဉ်နိုင်လေ့မရှိပေမယ့် နောက်ဆုံးတွေ့ဆုံမှု (၂)ကြိမ်ဆက်ရှုံးပွဲမရှိကစားနိုင်ခဲ့သလို၊ ပြီးခဲ့တဲ့ရာသီ PSG ကွင်းမှာလည်း အနိုင်ရအောင်ကစားခဲ့တာပါ။ ကလယ်မွန့်နဲ့ အရဲစွန့်ကြည့်ချင်တယ်။ 

PSG အသင်းသည် ပြင်သစ်လီဂူးအိမ်ကွင်းနောက်ဆုံး (၁၀)ပွဲ ဆက် ရှုံးပွဲမရှိခဲ့ဘဲ (၇)ပွဲနိုင်၊ (၃)ပွဲသရေရလဒ်ကိုရရှိခဲ့ကာ အဆိုပါ (၁၀)တွင်တစ်ပွဲပျမ်းမျှ (၂.၈) ဂိုးအထိသွင်းယူနိုင်ခဲ့သည်။

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments