Monday, February 9, 2026
spot_img
spot_img

ပြင်သစ်လီဂူးပွဲစဉ် (၃၈) ပွဲကြိုသုံးသပ်ချက်

အာယက်စီယို – မာဆေးလ် (မြန်မာစံတော်ချိန် ဇွန်လ ၄ ရက် နံနက် ၁:၃၀ နာရီ)

မာဆေးလ်က ချန်ပီယံလိဂ်ဝင်ခွင့်သေချာနေပြီး အာယက်စီယိုကလည်း တန်းဆင်းသွားခဲ့ပါပြီ။ ဒါပေမဲ့ အိမ်ကွင်းရာသီပိတ်ပွဲမှာ ပရိသတ်ကိုနိုင်ပွဲနဲ့အတူ နှုတ်ဆက်ဖို့ အာယက်စီယိုကြိုးစားလာမှာပါ။ အာယက်စီယို အနိမ့်ဆုံးသရေပါပဲ။

အော်ဇေး – လန်းစ် (မြန်မာစံတော်ချိန် ဇွန်လ ၄ ရက် နံနက် ၁:၃၀ နာရီ)

အော်ဇေးက တန်းဆင်းဇုန်နဲ့လွတ်ကင်းဖို့ အိမ်ကွင်းမှာ အနိုင်အတွက်ပဲ ပြင်ဆင်လာမှာပါ။ လန်းစ်က လက်ရှိ Form အ ကောင်းဆုံးအသင်းဆိုပေမယ့် အော်ဇေးနဲ့ အရဲစွန့်ချင်တယ်။


မိုနာကို – တူးလူး (မြန်မာစံတော်ချိန် ဇွန်လ ၄ ရက် နံနက် ၁:၃၀ နာရီ)


မိုနာကိုက အိမ်ကွင်းရာသီပိတ်ပွဲမှာ ယူရိုပါလိဂ်ဝင်ခွင့်အတွက် အားကုန်ရုန်းရပါဦးမယ်။ အသင်းကရလဒ်ရော၊ ခြေစွမ်းပါ မတည်ငြိမ်လို့ အခုပွဲလည်း တူးလူးရဲ့ဖိအားမရှိတဲ့ရုန်းအားက မိုနာကိုကို အခက်တွေ့စေဦးမှာပါ။ မိုနာကိုကပ်နိုင်ဖို့ပဲရှိမယ်။


လော်ရီးယန့် – စထရာဘိုး (မြန်မာစံတော်ချိန် ဇွန်လ ၄ ရက် နံနက် ၁:၃၀ နာရီ)

 ဖိအားမရှိတဲ့အသင်းနှစ်သင်းရဲ့ ထိပ်တိုက်တွေ့ဆုံမှုဖြစ်ပြီး လက်ရှိခြေစွမ်းအရတော့ စထရာဘိုးက ပိုတည်ငြိမ်ပါတယ်။ လော်ရီယန့်အိမ်ကွင်းဆိုပေမယ့် စထရာဘိုး အနိမ့်ဆုံးသရေပါပဲ။


နန့်စ် – အန်ဂါစ် (မြန်မာစံတော်ချိန် ဇွန်လ ၄ ရက် နံနက် ၁:၃၀ နာရီ)



တန်းဆင်းဇုန်ကလွတ်ဖို့အခွင့်အရေးနည်းသွားပြီဆိုပေမယ့် နန့်စ်တို့ အိမ်ကွင်းမှာ အနိုင်ရဖို့ပြင်ဆင်လာပါလိ့မ်မယ်။ အန်ဂါစ်က ဇယားအောက်ဆုံးက အသင်းပါ။ နန့်စ်ပဲ ရွေးထားမယ်။


နိုက်စ် – လိုင်ယွန် (မြန်မာစံတော်ချိန် ဇွန်လ ၄ ရက် နံနက် ၁:၃၀ နာရီ)

အမှတ်ပေးဇယားအထက်အောက်နှစ်သင်းရဲ့ အားပြိုင်မှုဖြစ်ပြီး စိတ်လှုပ်ရှားစရာမရှိပါဘူး။ သရေကျဖို့များတဲ့ ပွဲပါ။


PSG – ကလယ်မွန့် (မြန်မာစံတော်ချိန် ဇွန်လ ၄ ရက် နံနက် ၁:၃၀ နာရီ)


PSG ကတော့ ချန်ပီယံဆုကို (၅)နှစ်ဆက်ရယူနိုင်ခဲ့ပြီး ဖြစ်ပေမယ့် ရာသီပိတ်အိမ်ကွင်းပွဲမှာတော့ ပရိသတ်ကိုအနိုင်ရ လဒ်နဲ့အတူ နှုတ်ဆက်နိုင်ဖို့ ဖိဖိစီးစီးကစားလာမှာပါ။ ဒါပေမဲ့ ကလယ်မွန့်က ကွင်းမရွေး မာမာကျောကျောတုံ့ပြန်နိုင်တဲ့အသင်းဖြစ်ပြီး အခုလည်း အမှတ်မလိုတော့ပေမယ့် ချန်ပီယံအသင်းကို အဝေးကွင်းမှာ အခက်တွေ့အောင်ကြိုးစားပါလိမ့်မယ်။ ခြေစွမ်းနဲ့ ကစားသမားစုဖွဲ့မှုအရ ကွာခြားချက်ကြီးမားပေမယ့် ဒီနောက်ပိုင်းပွဲတွေမှာ PSG အသင်းကစားပုံ  လျော့ရဲနေတာက ကလယ်မွန့်အတွက်အခွင့်အရေးဖြစ်လာနိုင်ပါတယ်။ သရေကျဖို့များပြီး PSG နိုင်ရင်တောင် ကပ်နိုင်ဖို့ပဲရှိမယ်။


ဘရက်စ် – ရန်းစ် (မြန်မာစံတော်ချိန် ဇွန်လ ၄ ရက် နံနက် ၁:၃၀ နာရီ)

ဘရက်စ်ကနိုင်ပွဲတွေဆက်နေသလို ဖိအားလည်းကင်းနေတယ်။ ရန်းစ်ကတော့ ယူရိုပါလိဂ်ဝင်ခွင့်မျှော်လင့်ချက်အတွက် အနိုင်ရထားဖို့ လိုပါတယ်။ ရန်းစ် ကပ်နိုင်သွားဖို့များတယ်။


Reims – မောင့်ပယ်လီယာ (မြန်မာစံတော်ချိန် ဇွန်လ ၄ ရက် နံနက် ၁:၃၀ နာရီ)

ဒုတိယရာသီဝက်မှာ Reims  ရဲ့ခြေစွမ်းတဖြည်းဖြည်းကျဆင်းလာခဲ့တယ်။ အခုပွဲတော့ အိမ်ကွင်းဖြစ်လို့ အနိုင်ရလဒ်နဲ့ ရာသီပိတ်ဖို့ကြိုးစားမှာပါ။ Reims ကိုပဲ ရွေးထားမယ်။


ထရွိုင်စ် – လိုင်လီ (မြန်မာစံတော်ချိန် ဇွန်လ ၄ ရက် နံနက် ၁:၃၀ နာရီ)

လိုင်လီက ယူရိုပါလိဂ်ဝင်ခွင့်သေချာဖို့အတွက် မဖြစ်မနေနိုင်ပွဲယူထားဖို့လိုပါတယ်။ ထရွိုင်စ်က တန်းဆင်းသွားပြီဖြစ်ပြီး ခြေစွမ်းလည်းအားရစရာမရှိပါဘူး။ လိုင်လီပဲ ရွေးထားမယ်။

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments