ထရွိုင်စ် – လန်းစ် (မြန်မာစံတော်ချိန် ဇန်နဝါရီ ၂၈ ရက် ည ၁၀:၃၀ နာရီ)

ပြင်သစ်လီဂူးနောက်ဆုံး (၉)ပွဲဆက်ရှုံးပွဲမရှိကစားပြီး ချန်ပီယံဆုအတွက် နီးနီးစပ်စပ်မျှော်လင့်ချက်ရှိလာနေတဲ့ လန်းစ်ရဲ့ ယုံကြည်မှုကို လျှော့တွက်လို့မရပါဘူး။ ထရွိုင်စ်အိမ်ကွင်းဆိုပေမဲ့ လန်းစ်ပဲနိုင်ပွဲယူသွားဖို့ ရှိနေပါတယ်။
မာဆေးလ် – မိုနာကို (မြန်မာစံတော်ချိန် ဇန်နဝါရီ ၂၉ ရက် နံနက် ၂:၃၀ နာရီ)

ချန်ပီယံလိဂ်ဝင်ခွင့်အတွက် အရေးပါတဲ့ပွဲစဉ်ဖြစ်ပြီး နှစ်သင်စလုံးရဲ့ လက်ရှိခြေစွမ်းနဲ့ ရလဒ်ပိုင်းအရလည်း အကြိတ်အနယ်ရှိတဲ့ပွဲကောင်းတစ်ပွဲကိုခံစားရဖို့ရှိနေပါတယ်။ အထူးသဖြင့် မိုနာကိုအနေနဲ့ အခုပွဲမှာသာရှုံးနိမ့်ခဲ့မယ်ဆိုရင် မာဆေးလ်နဲ့ အမှတ်ကွာဟချက်ပိုမိုကြီးမားသွားနိုင်လို့ အခုပွဲကိုရေကုန် ရေခန်းပြင်ဆင်လာမှာအမှန်ပါပဲ။ မာဆေးလ်ကတော့ လက်ရှိ ပြင်သစ်လီဂူးပြိုင်ပွဲရဲ့ Form အကောင်းဆုံးအသင်းအဖြစ် ရပ်တည်နေပြီး တိုက်စစ်ကလည်းဂိုးတွေဆက်တိုက်သွင်းယူလာနိုင်တယ်။ မိုနာကိုတို့ အနိမ့်ဆုံးသရေတစ်မှတ်အတွက်ပြင် ဆင်လာနိုင်ပေမဲ့ မာဆေးလ်ပဲ ကပ်နိုင်သွားမယ်ထင်တယ်။






