Thursday, January 22, 2026
spot_img
spot_img

ပေးလိုက်ရတဲ့ဂိုးက တကယ့်ကို မိုက်မဲမှုတစ်ခုဟု တန်းဟက်ပြောဆို

ဘီလ်ဘာအိုကို တစ်ဂိုးစီ သရေကျသည့်ပွဲအပြီးတွင် မန်ယူအသင်းသားများ၏ စိတ်ဓာတ်နှင့်ကိုယ်ရည်ကိုယ်သွေးကို မန်နေဂျာ ဖြစ်သူ တန်းဟက်က ချီးမွမ်းပြောဆိုလိုက်သည်။ မန်ယူသည် ပထမပိုင်း ၂၉ မိနစ်တွင် မက်ဂွိုင်းယား၏ အမှားမှ တဆင့် ဂိုးပေးလိုက်ရသည်။ သို့ရာတွင် နာကျင်အချိန်ပို ၉၃ မိနစ်တွင် တောင်ပံကစားသမား ပယ်လီစထရီက တစ်ဂိုးသွင်းပေးလိုက်နိုင်သဖြင့် ၁-၁ သရေကျခဲ့ခြင်းဖြစ်သည်။

မန်ယူသည် နှစ်ရက်အတွင်းတွင် ကစားသည့် ခြေစမ်းပွဲနှစ်ပွဲတွင် နှစ်ကြိမ်တိုင်နောက်မှ လိုက်ကစားခဲ့ရခြင်းဖြစ်ပြီး ပထမပိုင်းတွင် ဘီလ်ဘိုမှ ဝီလီယမ်သွင်းယူသွားသော ဂိုးနှင့်ပတ်သက်ပြီး အမှားအယွင်းပြုလုပ်ခဲ့သော မက်ဂွိုင်းယားမှာ ပြင်းထန်စွာ ဝေဖန်ခံနေရသည်။

“တစ်ခါတစ်လေ စိတ်ပျက်စရာတွေ ကြုံရတတ်ပါတယ်။ ဒါပေမယ့်အသင်းသားတွေအနေနဲ့ တိုက်ပွဲဝင်စိတ်ဓာတ်ကို ပြသနိုင်ဖို့ လိုအပ်ပါတယ်။ အသင်းအတွက် စိတ်ဓာတ်ခွန်အားအပြည့်ထည့်ပြီးကစားတာကိုလည်း ပြသနိုင်ဖို့လိုအပ်ပါတယ်။ ဒီတစ်ပတ်တော့ ဒါကို ပြသလိုက်နိုင်တယ်လို့ ယူဆပါတယ်။ ဒါကြောင့်မန်ယူက ခြေစမ်းပွဲမှာ အချိန်ကောင်းတစ်ချို့ ရှိခဲ့တယ်လို့ ဆိုချင်ပါတယ်”

“မနေ့က ပွဲမှာ ခြေစမ်းကောင်းပြသနိုင်တဲ့ အချိန်တချို့ရှိခဲ့သလို ဒီနေ့ပွဲမှာလည်း အချိန်ကောင်းတစ်ချို့ရှီခဲ့ပါတယ်။ အထူးသဖြင့် ပွဲအစကောင်းဖို့လိုအပ်ပါတယ်။ အစပိုင်းမှာ မန်ယူက တစ်ဂိုးလောက်ရသင့်ပါတယ်။ ဆန်ချိုအနေနဲ့ အခွင့်အရေးကောင်းတစ်ခုရရှိခဲ့ပါတယ်။ အဲဒီနောက်မှာလည်း မန်ယူက ဂိုးသွင်းခွင့်အချို့ရရှိခဲ့ပါသေးတယ်။ ကျွန်တော်တို့ ပေးလိုက်ရတဲ့ဂိုးကတော့ တကယ်ကို မိုက်မဲမှုလို့ ပြောချင်ပါတယ်”ဟု တန်းဟက်က ဘီလ်ဘိုနှင့်ခြေစမ်းပွဲအပြီးတွင် ပြောဆိုလိုက်သည်။

“မန်ယူက နောက်ဆုံးအချိန်အထိ စိတ်မလျှော့ပဲ အသင်းအတွက် တိုက်ခိုက်ကြိုးစားခဲ့ပါတယ်။ ဒါကြောင့်မျှတတဲ့ ရလဒ်တစ်ခုလို့လည်း ပြောချင်ပါတယ်”ဟု တန်းဟက်က ဆက်လက်ပြောဆိုလိုက်သည်။

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments