Saturday, February 7, 2026
spot_img
spot_img

ပေါ်တူဂီ၏နိုင်ပွဲကြီးမှာ ဂျိုအာချင်ဖီးလစ် ဂိုးသွင်း

တနင်္ဂနွေနေ့ည (မြန်မာစံတော်ချိန် မတ် ၂၇) က ယူရို ၂၀၂၄ ခြေစစ်ပွဲမှာ လူဇင်ဘတ်ကို ၆-၀ နဲ့ အနိုင်ယူခဲ့တဲ့ပွဲမှာ ပေါ်တူဂီအတွက် ကောင်းမွန်တဲ့ဂိုးတစ်ဂိုးကို ဂျိုအာချင်ဖီးလစ်က သွင်းယူပေးခဲ့ပါတယ်။

အက်သလက်တီကို မက်ဒရစ်မှ အငှားဖြင့် ချဲလ်ဆီးတွင် ရောက်ရှိနေတဲ့ တိုက်စစ်မှူးဟာ ဘာနာဒိုဆေးလ်ဗားရဲ့ ဖြတ်တင်ဘောကို ဂိုးသမား ကိုက်အနည်းငယ်အကွာမှ ကျော်ဖြတ်ကာ အမြင့်သို ခုန်တက်၍ ခေါင်းတိုက်သွင်းခြင်းဖြင့် ၁၅ မိနစ်အတွင်း ၂-၀ ဖြင့် နိုင်စေခဲ့တာဖြစ်ပါတယ်။ ယင်းက အသက် ၂၃ နှစ်ရှိ ကစားသမားရဲ့သမိုင်းမှာ ပေါ်တူဂီအသင်းအတွက် ပဉ္စမမြောက်ဂိုးဖြစ်ပါတယ်။

ပေါ်တူဂီက စီရော်နယ်ဒိုရဲ့ အနီးကပ်ကန်ချက်ကနေတစ်ဆင့် အမှတ်ပေးဇယားကို ဦးဆောင်နေနှင့်ပြီးဖြစ်ပါတယ်။ ပထမပိုင်းမှာတော့ စီရော်နယ်ဒိုရဲ့ ၂ ဂိုး၊ ဘာနာဒိုဆေးလ်ဗားရဲ့ ၁ ဂိုးနဲ့ ဂျိုအာချင်ဖီးလစ်ရဲ့ ၁ ဂိုး တို ပါ၀င်ပါတယ်။

ပေါ်တူဂီနည်းပြသစ် ရောဘတ်တိုမာတီနက်ဇ်က သူနှစ်သက်တဲ့ ၃-၅-၂ ပုံစံဖြင့် စီရော်နယ်ဒိုရဲ့ တိုက်စစ်ဖော်အဖြစ် ဂျိုအာချင်ဖီးလစ်အား ထပ်မံအသုံးပြုခဲ့ပါတယ်။ မာတီနက်ဇ်ရဲ့ တာဝန်ကျစာရင်းမှာ လက်ရှိ ချဲလ်ဆီးနည်းပြ အန်တိုနီဘာရီ နဲ့ ဗဟိုခံစစ်မှူး ရီကာဒို ကာဗယ်ဟို တိုလည်း ပါဝင်ပါတယ်။

ပေါ်တူဂီက ၄-၀ နဲ့ အသာစီးရနေတာကြောင့် ဒုတိယပိုင်းမှာတော့ တည်ငြိမ်စွာ ကစားခဲ့ပါတယ်။ ၁၃ မိနစ်ကျန်ရှိချိန်မှာ ဂျိုအာချင်ဖီးလစ်အား အေစီမီလန်တိုက်စစ်မှူး ရာဖေးလ်လီအိုနှင့် အစားထိုးခဲ့ပါတယ်။

ကြာသပတေးနေ့တွင် ပေါ်တူဂီက လစ်ချ်တန်စတိန်းကို ၄-၀ ဖြင့်အနိုင်ရပြီးနောက် ရရှိခဲ့တဲ့ ယခုပွဲစဥ်ရလဒ်ဟာ မာတီနက်ဇ်ရဲ့အသင်းအား အုပ်စု J ရဲ့ထိပ်ဆုံးမှာ ရှိစေခဲ့ပါတယ်။ ပေါ်တူဂီအသင်းဟာ ဇွန်လမှာ ဘော့စနီးယားနဲ့ အိုက်စလန်တိုနဲ့ ကန်ရမယ့် ပြင်းထန်တဲ့ လက်ရည်စမ်းပွဲတွေနဲ့ ရင်ဆိုင်ရမှာဖြစ်ပါတယ်။

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments