Tuesday, January 13, 2026
spot_img
spot_img

ပေါ်တူဂီအတွက် စီရော်နယ်လ်ဒို၏ပေးဆပ်မှုမှာ မယုံနိုင်စရာဟု နည်းပြ မာတီနက်ဇ် ချီးကျူး

ပေါ်တူဂီနည်းပြ ရောဘတ်တိုမာတီနက်ဇ်က လက်ရွေးစင်အသင်းအတွက် အသင်းခေါင်းဆောင်တစ်ဦးအနေဖြင့် စီရော်နယ်လ်ဒို၏ပေးဆပ်မှုမှာ မယုံနိုင်စရာကောင်းကြောင်း ချီးကျူးပြောကြားခဲ့သည်။

စီရော်နယ်လ်ဒိုသည် မြောက်အိုင်ယာလန်အသင်းအား (၃-ဝ) ဂိုးဖြင့် အနိုင်ရသည့် ခြေစမ်းပွဲတွင် (၂) ဂိုးသွင်းယူပြီးနောက် ပေါ်တူဂီအသင်းအတွက် သွင်းဂိုး (၁၃၀) အထိ ရှိလာခဲ့သည်။

ရောဘတ်တိုမာတီနက်ဇ်က “အသင်းခေါင်းဆောင်တစ်ဦးအနေနဲ့ စီရော်နယ်လ်ဒိုရဲ့ အသင်းအပေါ် ပေးဆပ်မှုကတော့ မယုံနိုင်စရာပါပဲ။ သူဟာ မြောက်အိုင်ယာလန်နဲ့ပွဲမှာ (၂)ဂိုး သွင်းယူခဲ့ပါတယ်။ ဒါပေမဲ့ ကျွန်တော်ကတော့ အဲဒီပွဲမှာ သူကစားသွားတဲ့ ပုံစံကို ပိုသဘောကျပါတယ်။ သူ (၂)ဂိုးသွင်း ပြီးချိန်မှာတောင် သူက အသင်းဖော်တွေကို ဖန်တီးပေးဖို့ပဲ ကြိုးစားနေခဲ့တာပါ။ ဒါက အသင်းလိုက်စိတ်ဓာတ်ကို ပြတာပါ။ ယူရိုပြိုင်ပွဲမှာ ဒီလိုစိတ်ဓာတ်မျိုးရှိဖို့လိုပါတယ်”ဟု ပြောကြားခဲ့သည်။ 

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments