Wednesday, February 11, 2026
spot_img
spot_img

ပေါ်တူဂီတိုက်စစ်မှူး စီရော်နယ်လ်ဒိုအား တစ်နှစ် ပေါင် ၁၇၃ သန်းဖြင့် ခေါ်ယူရန် သဘောတူညီမှု ရရှိထားပြီဟူသော သတင်းများကို အယ်လ်နာဆာအသင်းဥက္ကဋ္ဌ အယ်လ်မူအမ်မာ ငြင်းဆန်

မန်ယူအသင်းနှင့် တရားဝင်လမ်းခွဲထားသည့် ပေါ်တူဂီနာမည်ကြီးတိုက်စစ်မှူး စီရော်နယ်လ်ဒိုအား တစ်နှစ် ပေါင် ၁၇၃ သန်း (ယူရို သန်း ၂၀၀)ဖြင့် ခေါ်ယူရန် သဘောတူညီမှုရရှိထားပြီဟူသော သတင်းများကို ဆော်ဒီအာရေဗျကလပ် အယ်လ်နာဆာအသင်း ဥက္ကဋ္ဌဖြစ်သူ အယ်လ်မူအမ်မာက ငြင်းဆန်ပယ်ချခဲ့သည်။

စပိန်အားကစားမီဒီယာ Marca က စီရော်နယ်လ်ဒိုသည် ဘောလုံးသမိုင်းတစ်လျှောက် စံချိန်တင်ငွေဖြင့် အရှေ့အလယ်ပိုင်းသို့ သွားရောက်ကစားတော့မည်ဟု အတိအလင်း ဖွင့်ချခဲ့ခြင်းဖြစ်သည်။ ကမ္ဘာ့မီဒီယာ အများအပြားကလည်း Marca သတင်းကို ကိုးကားပြီး စီရော်နယ်လ်ဒို၏အပြောင်းအရွှေ့သတင်းကို ထပ်ဆင့်ဖော်ပြခဲ့ကြသည်။

သို့သော် အယ်လ်နာဆာဥက္ကဋ္ဌ အယ်လ်မူအမ်မာက စီရော်နယ်လ်ဒို၏အပြောင်းအရွှေ့နှင့် ပတ်သက်သည့် စပိန်သတင်းအများစုသည် အလိမ်အညာများသာဖြစ်သည်ဟုဆိုကာ ငြင်းဆန်သွားခဲ့သည်။ သတင်းများတွင်ဖော်ပြချက်အရ စီရော်နယ်လ်ဒိုသည် အယ်လ်နာဆာအသင်း၏ကမ်းလှမ်းမှုကို လက်ခံလျှင် တစ်နှစ်လစာ ပေါင် ၆၂ သန်း(ဒေါ်လာ ၇၅ သန်း)အပြင် ပုံရိပ်အသုံးပြုခွင့်၊ အခြားဝင် ငွေရပေါက်ရလမ်းများနှင့်ပေါင်းလျှင် တစ်နှစ် ပေါင် ၁၇၃ သန်းအထိ ရရှိမည်ဖြစ်ကြောင်း သိရသည်။

ယင်းသို့ အသင်းဥက္ကဋ္ဌကိုယ်တိုင် မငြင်းဆန်မီ အမေရိကန်အားကစားမီဒီယာ CBS Sports ကမူ အယ်လ်နာဆာအသင်းသည် စီရော်နယ်လ်ဒိုအား ဆေးစစ်မှုပြုလုပ်ရန်နှင့် ၎င်းအပြင် သူ၏အကြံပေးများပါနေထိုင်ရန် နေရာထိုင်ခင်းပင် စီစဉ်ထားပြီးဖြစ်ကြောင်း ဒီဇင်ဘာလ ၂၆ ရက်က ရေးသားခဲ့သည်။ ယင်းသတင်းတွင် အပြောင်းအရွှေ့စာ ချုပ်ချုပ်ဆိုမှုသည် ဇန်နဝါရီစျေးကွက်အဖွင့်တွင် ဖြစ်လိမ့်မည်ဟုလည်း အတိအလင်းဖော်ပြခဲ့သည်။

အစောပိုင်းသတင်းများတွင် အယ်လ်နာဆာအသင်းသည် စီရော်နယ်လ်ဒိုကို စိတ်ကြိုက်နည်းပြ ရွေးချယ်ပိုင်ခွင့်ပေးထားသည်ဟုလည်း ဖော်ပြခဲ့သည်။ လက်ရှိတွင် အယ်လ်နာဆာအသင်းနည်းပြအဖြစ် လိုင်လီ၊ ရိုးမား နှင့် မာဆေးလ်အသင်းများအား တာဝန်ယူခဲ့ဖူးသည့် ပြင်သစ်လူမျိုးနည်းပြ ရူဒီဂါစီယာက ကိုင်တွယ်လျက်ရှိသည်။

စီရော်နယ်လ်ဒိုအနေဖြင့် ကာတာကမ္ဘာ့ဖလားပြိုင်ပွဲတွင် သူ၏ ရည်မှန်းချက်များ ပျက်သုဉ်းခဲ့ပြီး မဟာပြိုင်ဘက် မက်ဆီက ချန်ပီယံဆု သိမ်းပိုက်နိုင်ခြင်း ကြောင့်လည်း ပိုပြီးခံပြင်းစရာဖြစ်ခဲ့သည်။ ၎င်းသည် သူ၏ကလပ်အသင်းအနာဂတ်အတွက် ဆုံးဖြတ်ချက်မချမီ ဥရောပကလပ်အသင်းတစ်သင်း ကမ်းလှမ်းလာမည့်အခြေအနေကို စောင့်ဆိုင်းနေသည်ဟုလည်း သတင်းများက သုံးသပ်ခဲ့သည်။ သို့သော် သူ၏လစာငွေပမာဏနှင့် ခြေစွမ်းပိုင်း ကျဆင်းနေမှုများကြောင့် ထိပ်တန်းကလပ်အသင်းများမှ စိတ် ဝင်စားခြင်းမရှိဘဲ ဆော်ဒီကလပ်အသင်းသို့သာ ပြောင်းရွှေ့ရန် စဉ်းစားလိမ့်မည်ဟု ရေးသားခဲ့ကြသည်။

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments