Thursday, January 15, 2026
spot_img
spot_img

ပေါ်တိုနည်းပြ ဆာဂျီယိုကွန်ဆီဆာအိုအား နည်းပြသစ်အဖြစ် ခန့်အပ်လိုက်တဲ့ အေစီမီလန်

လျင်မြန်လှသော အပြောင်းအလဲတစ်ခုအနေဖြင့် အေစီမီလန်အသင်းသည် ရိုးမားနှင့် ၁-၁ သရေကျပြီး နာရီပိုင်းအကြာတွင် နည်းပြ ပေါ်လိုဖွန်ဆီကာကို ထုတ်ပယ်ပြီးနောက် ဆာဂျီယိုကွန်ဆီဆာအိုအား နည်းပြသစ်အဖြစ် ခန့်အပ်လိုက်သည်။

ယခင်က ပေါ်တိုအသင်းကို နည်းပြခဲ့ဖူးသော ကွန်ဆီဆာအိုသည် ၂၀၂၆ ခုနှစ် ဇွန်လအထိ သက်တမ်းရှိသော စာချုပ်ကို ချုပ်ဆိုခဲ့သည်။ ကွန်ဆီဆာအိုသည် ပေါ်တိုအသင်းတွင် ကိုင်တွယ်နေစဉ်အတွင်း လိဂ်ဖလား သုံးကြိမ်အပါအဝင် ဆုဖလား ၁၁ လုံး ရရှိခဲ့သည်။

သူသည် လက်ရှိ စီးရီးအေ အမှတ်ပေးဇယားတွင် ဦးဆောင်နေသော အတ္တလန္တာအသင်းနောက် ၁၄ မှတ်အကွာ အဆင့် ရှစ်နေရာတွင် ရပ်တည်နေသော မီလန်အသင်းကို တာဝန်ယူကိုင်တွယ်တော့မည်ဖြစ်သည်။ အသင်း၏ ထုတ်ပြန်ချက်တွင် “အေစီမီလန်အသင်းမှ ဆာဂျီယို ပေါ်လို မာစီနာရို ဒါ ကွန်ဆီဆာအိုအား ၂၀၂၆ ခုနှစ် ဇွန်လ ၃၀ ရက်နေ့အထိ အမျိုးသား ပထမအသင်း၏ နည်းပြချုပ်အဖြစ် ခန့်အပ်လိုက်ကြောင်း ကြေငြာအပ်ပါသည်။ အသင်းမှ ဆာဂျီယိုနှင့် ၎င်း၏အဖွဲ့ဝင်များကို နွေးထွေးစွာ ကြိုဆိုလျက် အောင်မြင်မှုနှင့် ပြည့်စုံမှုများစွာရှိသော ခရီးတစ်ခုရယူနိုင်ဖို့ ဆုမွန်ကောင်းတောင်းအပ်ပါသည်။” ဟု ဖော်ပြထားသည်။

ကွန်ဆီဆာအို၏ ပထမဆုံး တာဝန်ယူကိုင်တွယ်မည့်ပွဲစဉ်မှာ ဇန်နဝါရီလ ၃ ရက်နေ့တွင် ဂျူဗင်တပ်စ်အသင်းနှင့် ယှဉ်ပြိုင်ရမည့် စူပါကိုပါအီတာလီယာနာ ဆီမီးဖိုင်နယ်ပွဲစဉ် ဖြစ်သည်။

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments