Tuesday, January 13, 2026
spot_img
spot_img

ပုံမှန် ပွဲထွက်ခွင့် မရတဲ့ ချဲလ်ဆီး စတား တဦး ယနေ့ည ဘုန်းမောက်နဲ့ ပွဲမှာ ပါဝင်ဖို့ အလွန် နီးစပ်နေကြောင်း ဖွင့်ဟလာတဲ့ လမ်းပတ်

ချဲလ်ဆီး အသင်းဟာ ယနေ့ည ပရီးမီးယားလိဂ်ပွဲမှာ ၄င်းတို့နဲ့ ရမှတ်တူ ရှေ့ဆင့်နောက်ဆင့် ရပ်တည်နေတဲ့ ဘုန်းမောက် အသင်းကို အဝေးကွင်းမှာ သွားရောက် ရင်ဆိုင်ရမှာ ဖြစ်ပါတယ် ။ ဒါဟာ သင်္ချာနည်းအရ တန်းဆင်းဇုန် အန္တရာယ် အပြည့်အဝ မလွတ်သေးတဲ့ အသင်း ၂သင်း ထိပ်တိုက်တွေ့ဆုံတဲ့ပွဲလည်း ဖြစ်ပါတယ် ။

နိုင်တဲ့ အသင်းက လာမယ့် ဘောလုံးရာသီ အတွက် ပရီးမီးယားလိဂ် တန်းတင်ကျန်ရစ်ခွင့် သေချာပေါက် ရသွားမှာ ဖြစ်တာမို့ တမျိုးတဖုံ စောင့်ကြည့်ရမယ့်ပွဲလည်း ဖြစ်ပါတယ် ။ အထူးသဖြင့် နောက်ဆုံး ပရီးမီးယားလိဂ် ၆ပွဲဆက် အနိုင်မရခဲ့တဲ့ ချဲလ်ဆီး အတွက် အချိုးအကွေ့ပွဲလည်း ဖြစ်လာနိုင်ပါတယ် ။

ဒီပွဲမှာ ယာယီ caretaker နည်းပြ ဖြစ်တဲ့ ဖရန့် လမ်းပတ်ဟာ ပွဲထွက်စာရင်း အနည်းနဲ့ အများ အပြောင်းအလဲ လုပ်နိုင်သေးပြီး အာဆင်နယ်နဲ့ ပွဲက ခြေစွမ်းရုပ်ပျက်ဆင်းပျက် ဆိုးရွားသူတွေကို အရန်ခုံ ပို့သွားနိုင်သလို ၊ နည်းစနစ် ၊ ကစားကွက် အပြောင်းအလဲ လုပ်ကာ ချဉ်းကပ်လာနိုင်ပါတယ် ။

၃ယောက်တန်း ခံစစ် ကစားကွက်ကို ပြန်ပြောင်းသုံးလာရင်တော့ ၊ ဘရိုက်တန်နဲ့ ပွဲမှာ ပွဲထွက်ခဲ့ရတဲ့ ပြင်သစ် ယူ၂၁ ခံစစ်မှူး ဘန်နွိုင်း ဘတ်ဒီယာရှီးလ် တယောက် ယနေ့ညမှာ ပြန်ပါလာဖွယ်ရှိပါတယ် ။ ဘတ်ဒီယာရှီးလ်ဟာ ချဲလ်ဆီး အတွက် ပရီးမီးယားလိဂ် ၉ပွဲ ပါဝင် ကစားပေးထားပြီး ၊ ခြေစွမ်း မတည်ငြိမ်တာ နည်းခဲ့ပါတယ် ။

မနေ့က ပွဲကြိုသတင်းစာရှင်းလင်းပွဲမှာ ချဲလ်ဆီး နည်းပြ ဖရန့် လမ်းပတ်က ပြီးခဲ့တဲ့ ဇန်နဝါရီ စျေးကွက် အတွင်း မိုနာကိုကနေ ယူရိုသန်း ၃၀ နဲ့ ပြောင်းရွှေ့လာခဲ့တဲ့ ဘတ်ဒီယာရှီးလ်ဟာ ယနေ့ည ပွဲထွက်စာရင်းမှာ ပါဝင်ဖို့ အလွန်နီးစပ်နေကြောင်း ဖွင့်ဟသွားပါတယ် ။

လမ်းပတ် က ” ဟုတ်ပါတယ် ။ သူ ပြန်ကစားရဖို့ အလွန် နီးစပ်နေပါပြီ ။ ချန်ပီယံလိဂ် ကစားခွင့် မရခဲ့ပေမယ့် ၊ သူဟာ ဘရိုက်တန်နဲ့ ပွဲမှာ ပါဝင် ကစားပေးခဲ့ပါတယ် ။ အဲဒီပွဲဟာ ကစားသမားတိုင်း အတွက် ခက်ခဲခဲ့ပါတယ် ။ သူဟာ သီယာဂို ( ဆေးလ်ဗား ) ၊ ဝက်စ်လေ ( ဖိုဖာနာ ) ၊ ထရက်ဗာ ( ချာလိုဘာ ) တို့နဲ့ နေရာတူ ပုံစံတူ ကစားနေပြီး ၊ ပွဲထွက်ခွင့် အတွက် ပြိုင်ဆိုင်နေရပါတယ် ။ ”

” သူဟာ ထရိန်နင် ကောင်းကောင်းဆင်းထားတာကြောင့် မနက်ဖြန်ပွဲကို ကစားခွင့်ရဖို့ အထူး နီးစပ်နေပါပြီ ။ သူဟာ ဒီလို ငယ်ရွယ်တဲ့ အသက်မှာ မတူညီတဲ့လိဂ် တခုကနေ ပရီးမီးယားလိဂ်ကို ပြောင်းလာတာ ဖြစ်ပြီး ၊ ပွဲကစားချိန်နဲ့ ပတ်သက်ပြီး အခက်အခဲတွေ ရှိတာက နားလည်ပေးလို့ ရပါတယ် ။ ”

” အခြေအနေ တရပ်အထိ ကစားသမား တယောက် အနေနဲ့ ပရီးမီးယားလိဂ်မှာ အထိုင်ကျဖို့ ၊ တိုးတက်ဖို့ အချိန်ယူရပါတယ် ။ ချဲလ်ဆီးမှာပဲ ဖြစ်ဖြစ် ၊ တခြား ပရီးမီးယားလိဂ် ကလပ်တွေမှာပဲ ဖြစ်ဖြစ် ဒါက ပုံမှန်ပါပဲ ။ အခုတော့ သူ အသင်းမှာ ပိုပြီး အထိုင်ကျလာပြီလို့ ပြောရပါမယ် ။ ”

” ဒီတော့ လောလောဆယ်မှာ အထိုင်မကျတာက သူ့ရဲ့ ပြဿနာ မဟုတ်နေပါဘူး ။ ကစားသမားတွေကို ဒီအတွက် ချီးကျူးရပါမယ် ။ ပခုံးပေါ်မှာ ဒီလို ဝန်ကို ထမ်းနေရတာ ၊ ကိုယ့်တာဝန် ကိုယ်ယူရတာက မလွယ်ပါဘူး ။ ဒါပေမယ့် သူတို့အားလုံးဟာ ကိုယ့်လုပ်နေတာကို ရှေ့ဆက်လုပ်နေကြပါတယ် ။ ကျွန်တော်တို့က ဒီအပေါ်မှာ အားပေးဖို့ ရောက်နေတာပါ ။ ” လို့ ပြောကြားခဲ့ပါတယ် ။

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments