Saturday, February 7, 2026
spot_img
spot_img

ပုံမှန်ပွဲကစားခွင့်ရရန်အတွက် အသင်းပြောင်းရွှေ့ခွင့်ပြုရန် ချယ်လ်ဆီးအသင်းထံ တောင်းဆိုခဲ့သည့် အိုဒွိုင်းကို ဂျူဗင်တပ်စ်အပါအဝင် အသင်းများစွာ စိတ်ဝင်စားနေ

ချယ်လ်ဆီးအသင်းမှ အင်္ဂလန်တိုက်စစ်ကစားသမား အိုဒွိုင်းသည် ပုံမှန်ပွဲကစားခွင့်ရရန်အတွက် အသင်းပြောင်းရွှေ့ခွင့်ပြုရန် တောင်းဆိုခဲ့ကြောင်း သိရသည်။

အိုဒွိုင်း(၂၁ နှစ်)သည် အလားအလာရှိသည့် လူငယ်ကစားသမားတစ်ဦးအဖြစ် သတ်မှတ်ခံထားရသူဖြစ်ပြီး ပြောင်းရွှေ့ကြေးယူရိုသန်း(၇၀)အထက် တန်ကြေးရှိသည့် ကစားသမားအဖြစ်လည်း အကဲဖြတ်ခံထားရသည်။

သို့သော် ချယ်လ်ဆီးအသင်းတွင် ပုံမှန်နေရာမရသည့်အတွက် လမ်းခွဲမည့်သတင်းများ မကြာခဏထွက်ပေါ်လေ့ ရှိသူဖြစ်ပြီး ဘိုင်ယန်မြူးနစ်အသင်း ခေါ်ယူရန် ကြိုးပမ်းခဲ့ဖူးသူလည်းဖြစ်သည်။

၎င်းအနေဖြင့် အသင်းမှ ထွက်ခွာခွင့်ပြုရန် တောင်းဆိုခဲ့ခြင်းမှာ တတိယအကြိမ်ဖြစ်ပြီး ယခုအခါ ချယ်လ်ဆီးအသင်းက အငှားချဖွယ်ရှိကြောင်း ဗြိတိန်မီဒီယာများက သုံးသပ်ခဲ့ကြသည်။

အိုဒွိုင်းကို အငှားဖြင့်ခေါ်ယူရန် စိတ်ဝင်စားနေသည့် အသင်းများထဲတွင် ဂျူဗင်တပ်စ်၊ ဒေါ့မွန်တို့နှင့်အတူ ပရီးမီးယားလိဂ်မှ လက်စတာ၊ ဆောက်သမ်တန်နှင့် နယူးကာဆယ်အသင်းတို့လည်း ပါဝင်ကြောင်း သိရသည်။

အိုဒွိုင်းသည် ချယ်လ်ဆီးနှင့် ၂၀၂၄ ခုနှစ် အထိ စာချုပ်သက်တမ်း ကျန်ရှိနေကြောင်းသိရသည်။

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments