Tuesday, January 13, 2026
spot_img
spot_img

ပီအက်စ်ဗွီ နဲ့ ပွဲမတိုင်မှီ တစ်ပွဲတည်း ၅ ဂိုးသွင်းခဲ့တဲ့ ဂန်းနား လူငယ် ကြယ်ပွင့်ကို ချီးကျူး လိုက်တဲ့ အာတီတာ

အာဆင်နယ် အသင်း နည်းပြ အာတီတာ ဟာ ပီအက်စ်ဗွီ နဲ့ ကစားရမယ့် ချန်ပီယံလိဂ် အုပ်စု နောက်ဆုံး ပွဲစဉ် အတွက် အသင်း ရဲ့ အကယ်ဒမီ က လူငယ် ကြယ်ပွင့်လေးတွေကို ခေါ်ဆောင် သွားခဲ့ပါတယ် ။ အာဆင်နယ် အသင်းကြီးနဲ့ အတူ လိုက်ပါ သွားခဲ့တဲ့ လူငယ် ကြယ်ပွင့်‌တွေကတော့ နွမ်နယ်ရီ ၊ ရူရယ် ဝေါလ်တာစ် နှင့် လီနို ဆော်ဆာ တို့ ဖြစ်တယ်လို့ သိရပါတယ် ။

သတင်းတွေ အရတော့ ‌နောက်ခံလူ ဝေါလ်တာစ် ဟာ ပီအက်စ်ဗွီ နဲ့ ပွဲမှာ ပွဲထွက် ကစားမှာ ဖြစ်တယ်လို့ သိရပြီး ဆော်ဆာ နှင့် နွမ်နယ်ရီ တို့လည်း ပွဲ ကစားချိန် မိနစ် အချိူ့ရဖွယ် ရှိနေပါတယ် ။ အာဆင်နယ် နည်းပြ အာတီတာကလည်း ပီအက်စ်ဗွီ နဲ့ ပွဲကြို သတင်းစာ ရှင်းလင်းပွဲမှာ နွမ်နယ်ရီ ရဲ့ အရည်အသွေးတွေကို ထုတ်ဖော် ချီးကျူး သွားခဲ့ပါတယ် ။

ပရီးမီးယားလိဂ် ရဲ့ အသက် အငယ်ဆုံး ကစားသမား အဖြစ် စံချိန်တင် ထားခဲ့တဲ့ နွမ်နယ်ရီ ဟာ ဒီတစ်ပတ် ကြားရက်မှာ အာဆင်နယ် ယူ၁၈ အသင်း အတွက် ငါးဂိုး အထိ သွင်းယူ ပေးခဲ့သူ ဖြစ်ပါတယ် ။ နွမ်နယ်ရီ အနေနဲ့ ပီအက်စ်ဗွီ နဲ့ ပွဲမှာသာ အာဆင်နယ် အတွက် ပါဝင် ကစားပါက ဂန်းနားတို့ အတွက် အသက်အငယ်ဆုံး ချန်ပီယံလိဂ် ပြိုင်ပွဲဝင် ကစားသမား ဖြစ်လာမှာပါ ။ အာဆင်နယ် အသင်း ရဲ့ လက်ရှိ အသက်အငယ်ဆုံး ချန်ပီယံလိဂ် ကစားသမားဟာ ကွင်းလယ်လူဟောင်း ဂျက်ဝီလ်ရှိုင်းယား ဖြစ်ပါတယ် ။

အာတီဝာာကတော့ နွမ်နယ်ရီ နှင့် ဂျက်ဝီလ်ရှိုင်းယား တို့ကြားမှာ တူညီမှု အချို့ ရှိနေတယ်လို့ ဆိုပါတယ် ။ ” သူ့မှာ ရှိနေတဲ့ အရာ တစ်ချိူ့က တစ်မူထူးခြားနေတယ်လို့ ကျနော် အစကတည်းက ခံစားမိခဲ့ပြီး သဘောကျ ခဲ့ရပါတယ် ။ နေရာကျပ်တွေထဲမှာ ဘောလုံး ကို လက်ခံ ရယူ နိုင်စွမ်း ၊ လွတ်အောင် ထွက်နိုင်စွမ်းတွေက ဂျက်ဝီလ်ရှိုင်းယား နဲ့တောင် ဆင်ပါတယ် ။ ”

” သူ့ရဲ့ကိုယ်ရည်ကိုယ်သွေးကို သဘောကျသလို ‌ကျနော်တို့နဲ့ လေ့ကျင့်ခန်း အတူ ဆင်းရာမှာလည်း ယူ၁၈ ၊ ယူ၁၆ အသင်းတွေနဲ့ လေ့ကျင့်ခန်း ဆင်းသလိုပါပဲ။ဒီလိုမျိုး ရှိန်မနေတာမျိုးကို ကျနော် ကတော့ ကြိုက်ပါတယ်၊ သူက နေ့တိုင်း သူ ဘယ်လောက်ကောင်းကြောင်း ပြသဖို့ စိတ်အားထက်သန်နေတဲ့ ကစားသမား တစ်ဦးပါ ။ ”

” ဒီလို ကစားသမားမျိုးကို ပိုင်ဆိုင် ထားတဲ့ အခါ သူတို့ကို မျှော်လင့်ချက် ပေးဖို့ လိုပါတယ် ၊ ဒါက ကျနော်တို့ အတွက်လည်း သိပ်ကို အရေးပါတဲ့ အခိုက်အတန့်ပါ ၊ ကျနော်တို့ အနေနဲ့ သူ့ကို အသင်းမှာ ဆက်လက် ထိန်းသိမ်း ထားချင်ပါတယ် ၊ သူ့အနေနဲ့လည်း ဒီအသင်းက သူ့အတွက် တိုးတက်မှုတွေ ဖြစ်စေမယ့် အသင်းလို့ ယုံကြည်တာကြောင့် စာချုပ်သစ် ချုပ်ခဲ့တာပါ ။ ” လို့ ပြောကြား သွားခဲ့ပါတယ်။

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments