Wednesday, January 14, 2026
spot_img
spot_img

ပီအက်စ်ဂျီပရိသတ်တွေဟာ စည်းကျော်ခဲ့တယ်လို့ နေမာ အခိုင်အမာဆို

ပီအက်စ်ဂျီစတားဟောင်း နေမာက အသင်းဟောင်းပရိသတ်တွေဟာ မိမိကိုကော မက်ဆီကိုပါ စည်းကျော်ခဲ့တယ်လို့ အခိုင်အမာပြောကြားလိုက်ပါတယ်။ နေမာဟာ ၂၀၁၇ တုန်းက ဘာစီလိုနာကနေ ပီအက်စ်ဂျီထံပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး ပထမဆုံးရာသီမှာတင် ၂၈ ဂိုးအထိသွင်းယူနိုင်ခဲ့သလို ရာသီတိုင်းနီးပါး အဆိုပါပမာဏနီးပါးသွင်းယူပေးနိုင်ခဲ့ပါတယ်။

ဒါပေမယ့် အဲ့နောက်ပိုင်းမှာတော့ ခြေစွမ်းကျဆင်းလာခဲ့ပြီး ၂၀၂၃ မှာ ဆော်ဒီကလပ် အယ်လ်-ဟီလယ်အသင်းထံပြောင်းရွှေ့ခဲ့ပါတယ်။ အသင်းမပြောင်းခင်မှာ နေမာ နဲ့ မက်ဆီတို့ဟာ ပီအက်စ်ဂျီပရိသတ်တွေရဲ့ သရော်ခြင်းကိုခံခဲ့ရတာဖြစ်ပါတယ်။ ဒါ့အပြင် ပရိသတ်တစ်အုပ်စုဟာ နေမာရဲ့အိမ်အပြင်ဘက်မှာပါ ဆန္ဒပြခဲ့သလို အသင်းမှာဆက်မနေနိုင်အောင် လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။

အခုချိန်မှာတော့ အသက် ၃၂ နှစ်သားက ပီအက်စ်ဂျီကအကြောင်းတွေပြန်လည်ပြောကြားခဲ့ပြီး လူအချို့ကို မကျေမချမ်းဖြစ်နေဆဲလို့ ဆိုလိုက်ပါတယ်။ “ပထမဆုံးနှစ်က တော်တော်လေးကောင်းခဲ့ပါတယ်။ ကျွန်တော် ပြင်သစ်ပရိသတ်တွေ နဲ့ လူတွေရဲ့ကောင်းကောင်းကြိုဆိုခြင်းကို ခံခဲ့ရပါတယ်။ အဲ့နောက် ၂ နှစ် ဒါမှမဟုတ် ၃ နှစ်ကြာလာချိန်မှာတော့ မတူညီတော့ပါဘူး။ အဲ့တာက တကယ့်ကို ဆိုးဝါးလာခဲ့ပါတယ်။

Former PSG star Neymar has claimed that his former club's fans have crossed the line for him and Messi.

ကျွန်တော်တင်မဟုတ်ပဲ လီယွန်နယ်လည်း အတူတူပါပဲ။ ကျွန်တော့်အတွက်တော့ အဲ့တာက မမျှတသလိုပါပဲ။ ဘာလို့လဲဆိုတော့ ကျွန်တော်အမြဲတမ်းကွင်းထဲမှာ အကုန်ပေးဆပ်ခဲ့တာပါ။ ကျွန်တော့်မှာ မကျေမချမ်းစရာမရှိပါဘူး။ ဒါပေမယ့် ကျွန်တော်အနည်းငယ်တော့ စိတ်မကောင်းဖြစ်မိပါတယ်။ အထူးသဖြင့် ကျွန်တော့်အိမ်ကိုလာခဲ့တဲ့သူတွေကိုပါ။ သူတို့ ကျွန်တော့်အိမ်ကို ကျူးကျော်ဝင်ရောက်လာလို ကျွန်တော့်ကို စွပ်စွဲတာ ဒါမှမဟုတ် ရိုက်နှက်တာမျိုးလုပ်ချင်ခဲ့ကြပါတယ်။

ကျွန်တော့်အတွက်တော့ သူတို့စည်းကျော်ခဲ့တယ်လို့ ထင်ပါတယ်။ ကျွန်တော်တို့ကြားက ဆက်ဆံရေးက လေးစားမှုမရှိတော့ပါဘူး။ ကျွန်တော် အမြဲတမ်း သူတို့ကိုလေးစားခဲ့တာပါ။ အဲ့တာက တကယ့်ရှုပ်ထွေးတဲ့အခြေအနေပါ။ ကျွန်တော် အမြဲတမ်းသူတို့ကိုအားပေးခဲ့တာပါ။ ဒါကြောင့် သူတို့အကောင်းဆုံးရလဒ်ရခဲ့တာပါ။ ကျွန်တော်အသင်းနဲ့ပတ်သက်ပြီး မကျေမချမ်းမရှိပါဘူး။ ကျွန်တော် လူအချို့ကိုတော့ မကျေမချမ်းဖြစ်မိပါတယ်။

ဒါပေမယ့် အဲ့တာက အတိတ်မှာဖြစ်ခဲ့တာပါ။ ကျွန်တော် ဒီအသင်းမှာ ၆ နှစ်လောက်ဖြတ်သန်းခဲ့တာပါ။ အခိုက်အတန့်ကောင်းတွေ အမှတ်တရကောင်းတွေရှိခဲ့ပါတယ်။ ဒါပေမယ့် တစ်ချို့ဝမ်းနည်းစရာအခိုက်အတန့်တွေလည်း ရှိခဲ့ပါတယ်။ ဒါပေမယ့် အားကစားအဆင့်အတန်းမှာတော့ အဲ့တာက ကျွန်တော်အကောင်းဆုံးကစားခဲ့တာပါ။ ဒါကြောင့် ကျွန်တော်ပျော်ပါတယ်။ ကျွန်တော့်မှာရှင်းလင်းတဲ့ အသိတရားရှိပါတယ်”လို့ နေမာက ပြောကြားခဲ့ပါတယ်။

နေမာဟာ ပီအက်စ်ဂျီကို ၂၀၁၇ တုန်းက ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင်သန်း ၂၀၀ နဲ့ပြောင်းရွှေ့လာခဲ့တာဖြစ်ပါတယ်။ နေမာဟာ အကောင်းဆုံးနှစ်ကို ဒူးဒဏ်ရာတွေနဲ့သာ ရုန်းကန်ခဲ့ရပြီး အခုတော့ တံကောက်ကြောဒဏ်ရာကို ကုသနေရတာဖြစ်ပါတယ်။ လာမယ့်အယ်လ်-ဟီလယ်အသင်းဟာ ဇန်နဝါရီ ၇ ရက်နေ့မှာ King Cup ဖလားအဖြစ် အယ်လ်-အီတီဟက်အသင်းနဲ့ ကွာတားဖိုင်နယ်ပွဲကန်ရမှာဖြစ်ပါတယ်။

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments