Tuesday, January 13, 2026
spot_img
spot_img

ပရီးမီးယားလိဂ် ပွဲစဉ်-၁၇ ပွဲကြိုသုံးသပ်ချက်

ချယ်လ်ဆီး – ဘုန်းမောက် (မြန်မာစံတော်ချိန် ဒီဇင်ဘာလ ၂၈ ရက် နံနက် ဝဝးဝ၀ နာရီ)

ချယ်လ်ဆီးအတွက်တော့ ပထမရာသီဝက်က အမှားတွေကို ချေဖျက်ဖို့ဆိုရင် ဒုတိယရာသီဝက်မှာ နိုင်ပွဲတွေ ရနိုင်သလောက် ယူရမယ်။ အထူူးသဖြင့် အိမ်ကွင်းပွဲစဉ်တွေမှာ အ မှားမခံဘဲ ကစားနိုင်ဖို့လိုတယ်။ ဘုန်းမောက်က တိုက်စစ်ပိုင်းမဆိုးဘူးလို့ ပြောလို့ရတဲ့အသင်းဖြစ်ပြီး ချယ်လ်ဆီးခံစစ်ကို ဒုက္ခပေးနိုင်တယ်။ ချယ်လ်ဆီးက တိုက်စစ်ပိုင်းမှာ

ပျက်နေပြီး အားကောင်းတဲ့ခံစစ်တွေနဲ့ တွေ့ရင် ဂိုးရဖို့ခက်တယ်။ ဘုန်းမောက်ကိုတော့ နိုင်မှာပါ။

မန်ယူ – နော်တင်ဟမ် (မြန်မာစံတော်ချိန် ဒီဇင်ဘာလ ၂၈ ရက် နံနက် ၀၂း၃၀ နာရီ)

မန်ယူအသင်းအတွက် လွယ်လွယ်ကူကူ နိုင်ပွဲရှာဖွေရမယ့် အခြေအနေဖြစ်တယ်။ နော်တင်ဟမ်ဖောရက်စ်က နောက်ပိုင်းပွဲတွေမှာ ရလဒ်ကောင်းလာတာမှန်ပေမဲ့ အဝေးကွင်းမှာ တော့ စိတ်မချရဘူး။ အာဆင်နယ်အသင်းနဲ့ အဝေးကွင်းပွဲစဉ်တုန်းကလည်း ဂိုးမိုးအရွာခံခဲ့ရတယ်။ မန်ယူအသင်းက စီရော်နယ်လ်ဒို မရှိတဲ့ အခြေအနေမှာ ဆိုးကွက်တွေရှိသလို၊ ကောင်းကွက်အဖြစ် ကစားသမားတွေ ဖိအားပြဿနာ လျော့နည်းသွားနိုင်တယ်။ ရပ်ရှ်ဖို့ဒ်၊ ဖာနန်ဒက်စ်တို့ ဦးဆောင်ပြီးနိုင်ပွဲယူမယ်။

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments